ဆီးရီးယား အပစ်ရပ်ရေး လိုက်နာဖို့ သူပုန်တွေ တွန့်ဆုတ်နေ

အမေရိကန် နဲ့ ရုရှားတို့ ပူးပေါင်းပြီး သဘောတူမှု ရယူထား
ဆီးရီးယား နိုင်ငံမှာ တနင်္လာနေ့ နေဝင်ချိန်က စလို့ အပစ်အခတ် ရပ်ကြဖို့ အမေရိကန် နဲ့ ရုရှားတို့ ပူးပေါင်းပြီး ရယူထားတဲ့ သဘောတူမှုကို ဆီးရီးယား သူပုန် အုပ်စုတွေ က လိုက်နာမယ် မလိုက်နာဘူး ဆိုတာကို မကြေညာသေးပဲ ရှိနေပါတယ်။

အဲဒီ့ သဘောတူမှုဟာ လက်တွေ့ အကောင်အထည် ဖော်ဖို့ အင်မတန် ခက်ခဲတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သူပုန်အုပ်စုတွေ ထဲ အား အကောင်းဆုံးထဲ ပါဝင်တဲ့ Ahrar al-Sham အာဟ်ရာ အယ်လ်-ရှမ် အဖွဲ့ ကလိုက်နာဖို့ ငြင်းဆန် နေတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။

အပစ်ရပ်ရေးနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ဝင်ခွင့်ပေးရေး အချက်အတွေ ကို ကြိုဆိုနိုင်ပေမယ့် တခြား စိုးရိမ်ဖွယ်ရာ ကောင်းတဲ့ အချက်အလက် တွေလည်း အဲဒီ သဘောတူမှုထဲ ပါဝင်နေတယ်လို့ အလက်ပ်ပို မြို့ မှာ ရှိတဲ့ သူပုန် အုပ်စု တစ်ခုက ဆိုပါတယ်။

ဆီးရီးယား အစိုးရနဲ့ ရုရှား တို့ရဲ့ လေယာဉ်တွေ ကတော့ အလက်ပ်ပိုနဲ့ အစ်ဒ်လစ်ပ် နယ်တွေ မှာ တနင်္ဂနွေ နေ့က အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ