အာဖဂန်နစ္စတန်နိုင်ငံ ရှိ ပြည်နယ်ဆိုင်ရာ မြို့တော်တစ်ခုအတွင်းသို့ တာလီဘန်များ ဝင်ရောက်တိုက်ခိုက်

အာဖဂန် တာလီဘန် စစ်သွေးကြွများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Uruzgan ပြည်နယ်မြို့တော် Trinkot မြို့အတွင်းသို့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက တာလီဘန် စစ်သွေးကြွများ ဝင်ရောက်လာခဲ့ပြီး အစိုးရတပ်ဖွဲ့များ နှင့် အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ပြောရေးဆိုခွင့်ရှိသူ Dost Mohammad Nayab က ပြောကြားခဲ့သည်။

Nayab က “ တာလီဘန်တွေဟာ မြို့တော်ထဲကို ဝင်ရောက်လာကြပြီး ရဲဋ္ဌာန ပတ်ဝန်းကျင်မှာ ယခုထိ အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ဖြေကြားခဲ့သည်။
အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်နိုင်ငံ ရှိ ပြည်နယ်ဆိုင်ရာ မြို့တော်တစ်ခုအတွင်းသို့ တာလီဘန်များ ဝင်ရောက်တိုက်ခိုက်  အာဖဂန်နစ္စတန်နိုင်ငံ ရှိ ပြည်နယ်ဆိုင်ရာ မြို့တော်တစ်ခုအတွင်းသို့ တာလီဘန်များ ဝင်ရောက်တိုက်ခိုက် Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.