အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်ရာမှ ဦးခေါင်းကြေမွ ဒဏ်ရာနဲ့သေဆုံး

အရှိန်မထိန်းနိုင်ဘဲ လမ်ဘေးသစ်ပင် ဝင်တိုက်ရာမှ ယာဉ်မောင်းသေဆုံး
ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့၊ ရွာတန်းရှည်၊ အိုးတန်းရပ်ကွက် မြို့နယ်တရားရုံရှေ့မှာ စက်တင်ဘာ(၁)ရက် နံနက်(၄)နာရီခွဲက အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်ရာမှ အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း တိုက်ကြီးမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့က ပြောပါတယ်။

အဲဒီသေဆုံးသူဟာ ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ ဘုရားလမ်း၊ အိမ်အမှတ်(၃၅)နေ ကိုသန်းထွန်းအောင်(၃၂နှစ်)ဖြစ်ပြီး သူဟာအိမ်စီးကားနဲ့ တိုက်ကြီးမြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၄၆/၇)နှင့်(၄၇၀)ကြားမှာ အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်ရာမှ ဦးခေါင်းကြေမွ ဒဏ်ရာနဲ့သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။


အဲဒီအမှုကို တိုက်ကြီးမြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအုပ်သန်းမင်းထိုက်က တရားလိုပြုကာ ယာဉ်(ပ)၂၈/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၄(က)နဲ့ အရေးယူဆောင်ရွက် ထားကြောင်း သိရပါတယ်။
 ဒီသတင်းကိုတင်ဝင်းနိုင်(တိုက်ကြီး)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်ရာမှ ဦးခေါင်းကြေမွ ဒဏ်ရာနဲ့သေဆုံး   အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်ရာမှ ဦးခေါင်းကြေမွ ဒဏ်ရာနဲ့သေဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.