လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်၍ တိမ်းမှောက်၊ ၁ဝ ဦးဒဏ်ရာရ


နေပြည်တော် စက်တင်ဘာ ၂၄

ရန်ကုန်-မ္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်း ရဲစခန်းနယ်မြေ မိုင်တိုင်အမှတ် (၂၅၇/၇)အနီး၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ဘက်မှ မ္တလေး ဘက်သို့ ယာဉ်မောင်း ကျော်ကျော် မောင်းနှင်လာသောလိုက် ထရပ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားပေါ် ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ ယာဉ်မောင်းပါ ၁၃ ဦးအနက် ၁ဝ ဦးမှာ ဒဏ်ရာများ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို ပေပင်လေး အမြန် လမ်းရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် ကျော်မင်းစိုး ကြီးကြပ်၍ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်ကျော်အား ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းက စစ်ဆေးအရေးယူထား ကြောင်း သိရသည်။
ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်း ရေးအတွက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင် သော ယာဉ်များကို ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက်က မိုင်တိုင်အမှတ် (၂ဝ၁)မိုင်၊ နေပြည်တော်တိုးဂိတ်၌ ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမြင့်ဦး ဦးစီး၍လည်းကောင်း၊ ပလွေးအမြန်လမ်း မကြီး စခန်းပိုင်တွင် ရဲအုပ် ဇော်လှိုင်ထွန်းဦးစီး၍ လည်းကောင်း၊ သတ်မှတ်အမြန်နှုန်း ထက် ကျော်လွန်မောင်းနှင်သော မော်တော် ယာဉ်များကို ဖမ်းဆီးလျက်ရှိရာ ညနေ ၅ နာရီအထိ မော်တော် ယာဉ် ၁၉ စီးကို ဖမ်းဆီးအရေးယူပြီး ဇမ္ဗူသီရိမော်တော်ယာဉ် တရားရုံးသို့ မော်တော်ယာဉ် ၁ဝ စီး နေ့ချင်းပြီး တရားစွဲဆို ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့အနီး အမှတ်(၃)လမ်းဆုံ တိုးဂိတ်တွင် ရဲမှူး ရန်နောင်စိုး ဦးစီးအဖွဲ့က သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ် ၁၆ စီးကို ဖမ်းဆီးနိုင်ခဲ့ပြီး လှည်းကူးမြို့နယ် မော်တော်ယာဉ်တရားရုံးသို့ ယာဉ်ရှစ်စီးကို နေချင်းပြီး တရားစွဲဆို တင်ပို့ခဲ့သည်။

အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ထက် ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖမ်းဆီးလျက်ရှိရာ ယခု အခါတွင် ညပိုင်းအချိန်များပါ တိုးချဲ့ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်အထိ စုစုပေါင်း ယာဉ်စီးရေ ၇၄၆ စီးကို ဖမ်းဆီးအရေးယူ ခဲ့သည်။ ယင်းအနက်မှယာဉ် ၅၈၂ စီးကို သက်ဆိုင်ရာ မော်တော် ယာဉ်တရားရုံးသို့ တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်၍ တိမ်းမှောက်၊ ၁ဝ ဦးဒဏ်ရာရ လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်၍ တိမ်းမှောက်၊ ၁ဝ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:01 Rating: 5
Powered by Blogger.