ပျဉ်းမနား ရွှေချီရပ်ကွက် ငလိုက်ချောင်း (၆)လမ်းတံတားတွင် အမျိုးသမီးအလောင်းတွေ့ရှိ


စက်တင်ဘာ ၂၉ ရက် ၁၂း၀၀ နာရီအချိန် နေပြည်တော်ပျဉ်းမနား ငလိုက်ချောင်း(၆)လမ်းတံတားအနီး အလောင်းတလောင်းတွေ့ရှိကြောင်း သတင်းအရ ပျဉ်းမနားမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဌေး၊ ဒုရဲအုပ်မျီုးဦးတို့မှ သက်သေများဖြစ်ကြသည့် ရွှေချီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ ဦးပြည့်ဖြိုးချမ်းသာတို့သည် အချင်းဖြစ်ရပ် ရွှေချီရပ်ကွက်(၆)လမ်းတံတား ငလိုက်ချောင်းသို့ သွားရောက်ကြည့်ရှုရာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ရေထဲတွင် ပုပ်ပွသေဆုံးနေသော အမျိုးသမီးလူသေအလောင်းတလောင်းအား မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ သတင်းစုံစမ်းရာတွင် ၂၅-၉-၂၀၁၆ ရက် ၁၆း၂၀ နာရီအချိန် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာနေ မယမင်း (၂၆)နှစ် (ဘ) ဦးသိန်းထွန်း တောင်ယာလုပ်သည့်အဖော်များနှင့်အတူ နေအိမ်သို့အပြန် တံခွန်တိုင်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်ရေထဲ မျောပါသွားပြီး ပျောက်ဆုံးနေသူဖြစ်ကြောင်းသိရှိရသဖြင့် အလောင်းအား ရဲဆေးစာဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့အပ်ခဲ့ရာ ဆေးရုံမှ PR( )ဖြင့် လက်ခံထားပြီး မယမင်း(ခ) မယမင်းထွန်း သေဆုံးမှုမှာ ဓမ္မတာ အတိုင်းဟုတ်မဟုတ်နှင့် သေဆုံးသည့်အကြောင်းအရင်းကို ပျဉ်းနားမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၈/၂၀၁၆ ဖြင့် အမှုဖွင့်ထားပြီး ပျဉ်းမနားမြို့မစခန်းမှူး ဒုရဲမှူးတင်ဌေးမှ စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ