တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်ရုံး မီးလောင်

ဓါတ်ပုံ- ပြည်တော်သာအုပ်ချုပ်ရေးရုံးအားမီးလောင်နေစဉ်
စက်တင်ဘာလ ၃၀ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးရုံးမီးလောင်သဖြင့် ပတ္တမြားအဆောင်ကျသွားခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၃၀ ရက် ည ၈ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါက်ကွဲမီးလောင်မှုဖြစ်ပွါးခဲ့ပါသည်။


“ ဘာကြောင့်မီးလောင်တယ်ဆိုတာတော့ အတိအကျတော့မသိရသေးဘူး။ ထရန်စဖော် မာပေါက်ကွဲ တယ်လို့ပြောကြသလို မီးပုံးပျံအတွက် ယမ်းလုပ်တာကနေ ပေါက်ကွဲ တာလို့လဲပြော နေကြတယ်။ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ မီးလောင်တယ်။ အရမ်းမြန်တော့ ဘာမှမရလိုက်ကြဘူး။ ပတ္တမြားအဆောင်ေ တာ့ပြာကျသွားပြီ။ ” ဟု တောင်ကြီး မှ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းယီ့ဖုန်းက သတင်းပေးပို့သည်။

မီးလောင်မှုအား မီးသတ်ကား ၆ စီးဖြင့်လာရောက်ငြိမ်းသတ် ရာ ဒေသ စံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ တွင် မီးကောင်းစွာငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ပျက်စီးဆုံးရှုံးမှုကာလတန်ဖိုးနှင့် သေကြေဒဏ်ရာ ရမှုကိုတော့မသိရသေးပေ။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်ရုံး မီးလောင်  တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်ရုံး မီးလောင် Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.