![]() |
အုတ်ခဲဖြင့် လူကို ထုသတ်ပြီး ထွက်ပြေးသူအား သထုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ တစ်နာရီအတွင်း ဖမ်းဆီးရမိ |
ဖြစ်စဉ်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ ဦးဖိုးဝဲ (ဘ)ဦးသန်းမောင်သည် ဦးခေါင်းနောက်စေ့ကွဲကြေဒဏ် ရာဖြင့် သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။
"ကျွန်တော်တို့က လူသတ်မှုဖြစ်တယ်လို့ သတင်းကြားကြားချင်း တပ်ဖွဲ့ဝင်တွေကို နေရာခွဲပြီး ဖြန့်ကျက် ရှာစေတယ်။ ဖြစ်စဉ်နေရာကနေ တဆင့်စုံစမ်းတော့ လူသတ်တဲ့သူသွားနိုင်တဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ ထားတာ သူက ရေလမ်းကြောင်းကနေ လှေနဲ့ သထုံမြို့ပေါ်ကိုတက်သွားတယ်လို့ သိတာနဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ဖမ်းဆီးခဲ့တာပါ။ ဒါကလဲ ပြည်သူတွေပူးပေါင်းပါဝင်ခဲ့လို အမြန်ဆုံးဖမ်းမိနိုင်ခဲ့တာပါ။''ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းကပြောသည်။
ဖြစ်စဉ်တွင် ဦးဖိုးဝဲ၏ ဇနီးဖြစ်သူ ဒေါ်ပူးပေ(ခ)ဒေါ်မရီအား စစ်ဆေးရာတွင် သေဆုံးသူနှင့် လယ်နီးချင်းနေသူ ဦးပြုံးချို (ဘ) ဦးသန်းမောင် နောင်ကုလားကျေးရွာနေ သူတို့သည် တဲအတွင်း မီးဖိုအနားတွင် အရက်တူတူသောက်ကြစဉ် စကားများပြီး ဦးပြုံးချိုမှ မီးဖိုအနီးရှိ အုတ်နီခဲဖြင့် ဦးဖိုးဝဲ၏ ဦးခေါင်းအား ထုပြီး ထွက်ပြေးသွားကြောင်း အဆိုပါ ဖြစ်စဉ်ကို စက်တင်ဘာ ၄ ရက်၊ နေ့လည် ၁၂ နာရီတွင် ရဲတပ်ဖွဲ့ထံ လာရောက်အကြောင်းကြားတို်င်ကြားမှုကြောင့် တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှု ကျုးလွန်သူ ဦးပြုံးချိုအား သထုံမြို့မ ရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၆/ ၂၀၁၆၊ (ပ)၄၆၂/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ -၃၀၂ အရအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အုတ်ခဲဖြင့် လူကို ထုသတ်ပြီး ထွက်ပြေးသူအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:44
Rating:
