မဲသဝေါဒေသ တင်းမာမှုအရေး မြိုင်ကြီးငူဆရာတော်ကြားဝင်စေ့စေပ်


စက်တင်ဘာ- ၁၀ - ၂၀၁၆

ဒီရက်ပိုင်းအတွင်းမှာ ဗိုလ်ကျော်သက်ဦးစီးတဲ့ (ဒီကေဘီအေ) အဖွဲ့နဲ့ (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်(BGF) တို့အကြား မဲသဝေါဒေသမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုအရေးနဲ့ပတ်သက်ပြီး မြိုင်ကြီးသူဆရာတော်က ဒီကနေ့မှာ ကြားဝင်စေ့စပ်ပေးနေရတယ်လို့ မဲသဝေါကလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာဘဲ စစ်ဦးစီးချုပ်အဆင့်ရှိတဲ့ (ဒီကေဘီအေ) က ဗိုလ်ကျောသက်က (BGF) ကို သူတို့တိုက်ရမဲ့ အဓိကရန်သူလို့ အတိအလင်း ပြောဆိုအပြီးမှာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


တဖက်နဲ့တဖက် စစ်ပြင်ထားတဲ့ အနေအထားတွေ ရှိနေတဲ့အတွက် ဒေသတွင်းမှာ စစ်မီးတွေပြန်တောက်လာမှာကို စိုးရိမ်မိတယ်လို့ ဒေသခံဘုန်းတော်ါကြီးတပါးက မိန့်ဆိုပါတယ်။

ဒေသခံတွေအများစုကတော့ ကရင်အချင်းချင်းပြန်တိုက်ကြမှာကို မလိုလားကြသလို သူတို့ဒေသမှာ စစ်ပွဲတွေပြန်ဖြစ်လာမှာကို မလိုလားကြပါဘူး ဆိုပြီးပြောဆိုကြပါတယ်။

ဆရာတော်စကားကို သူတို့နှစ်ဖက်စလုံး နားထောင်ကြပါစေလို့ဘဲ ဆုတောင်းနေရတယ်လို့ ဒီနေ့ဘဲ ရွာကနေထွက်လာသူတဦးက ပြောဆိုပါတယ်။

လက်ရှိအနေအထားတွေ အရကတော့ ဒေသခံတွေ ကျီးလန့်စာစား ဖြစ်နေကြပြီး ကိုယ့်အိမ်ကိုယ့်ယာမှာတောင် စိတ်ချလက်ချ မနေရဲတော့ဘူးလို့လည်း ရွာသားတွေပြောဆိုကြပါတယ်။

အရင်ကလည်း မဲသဝေါဒေသမှာ ကိုယ့်လူမျိုးအချင်းချင်း ဇတ်တူသားစားကြတဲ့အတွက် ဒေသခံတွေ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ပုံစာ - ဒီရက်ပိုင်းမှာ သောကတွေနဲ့အတူတွေ့နေရတဲ့ မဲသဝေါဒေသခံအချို့  ။

သတင်း - ကရင်အမျိုးသား - မီဒီယာ
https://www.facebook.com/knm.karen
မဲသဝေါဒေသ တင်းမာမှုအရေး မြိုင်ကြီးငူဆရာတော်ကြားဝင်စေ့စေပ်  မဲသဝေါဒေသ တင်းမာမှုအရေး မြိုင်ကြီးငူဆရာတော်ကြားဝင်စေ့စေပ် Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.