ခါးပိုက်နှိုက် ၄ ဦး ဖမ်းဆီးရမိ

ခါးပိုက်နှိုက် ၄ ဦးကို ပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၈

၂၇.၉.၂၀၁၆ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နေ အမျိုးသမီးသည် သမိုင်းလမ်းဆုံမှ လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ်သို့ အမှတ်(၁၂၁) ယာဉ်လိုင်း ဒိုင်နာခရီးသည်တင်ယာဉ်ဖြင့် စီးနင်းလိုက်ပါလာစဉ် လှိုင်သာယာ စက်မှုဇုံ ကားမှတ်တိုင်အနီး အရောက် ယာဉ်ပေါ်ပါသူ(၄)ဦးက ၎င်းလွယ်ထားသော အိတ်အတွင်း မှ ငွေ (၂၀၀၀၀)ကျပ်ခန့်နှင့် စာရွက်စာတမ်းမျာပါ ပိုက်ဆံအိတ်အားနှိုက်ယူပြီး ယာဉ်ပေါ်မှ ဆင်းပြေးသွားသည်ကို သိရှိရသည်။

အဆိုပါ အမျိုးသမီးမှ ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခံခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများနှင့် လှည့်ကင်းရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်နေသူများဖြစ်သည့် ဌေးဝင်းရှိန်၊ (၂၀)နှစ်၊ စိုးမိုးအောင်၊ (၂၀) နှစ်၊ ကျော်လွင် (၂၉) နှစ်နှင့် မအိအိခိုင်၊ (၂၅) နှစ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ ဌေးဝင်းရှိန်ပါ(၄)ဦးအား လှိုင်သာယာမြို့မရဲစခန်း (ပ)၂၀၇၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အခြားမြို့နယ်များတွင်လည်း ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ
ဆက်စပ်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ