မြောက်ကိုရီးယားတွင် တစ်နှစ်လျှင် နျူကလီးယားဗုံး ၆ လုံးထုတ်လုပ်နိုင်သည် အထိ ယူရေနီယံများ ပေါကြွယ်ဝ


ဆိုးလ် ၊ ၁၅-၉-၂၀၁၆

မြောက်ကိုရီးယား နိုင်ငံတွင် ယူရေနီယံ ပေါကြွယ်ဝမှုနှင့် ပလူတိုနီယံများ စုဆောင်းထားရှိမှု အရ ယခုနှစ် အကုန်တွင် ယင်းနိုင်ငံ၌ နျူကလီးယားဗုံး စုစုပေါင်းအလုံး ၂ဝ အထိ ရှိလာမည် ဖြစ်ကြောင်း စစ်လက်နက် ပစ္စည်း ကျွမ်းကျင်သူ များ၏ လေ့လာ ဆန်းစစ်ချက် အသစ်အရ သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် တစ်နှစ်လျှင် နျူကလီးယားဗုံး ခြောက်လုံး ထုတ်လုပ်နိုင် သည်အထိ ယူရေနီယံများ ပေါကြွယ်ဝပြီး ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို လျစ်လျူရှုကာ ၄င်း၏ နျူကလီးယား အစီအစဉ် အတွက် လိုအပ်သော ယူရေနီယံ သန့်စင်မှုကို ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြားသည်။

အဆိုပါနိုင်ငံ၏ နျူကလီးယား စွမ်းဆောင်ရည် အမှန်ကို တိတိကျကျ အတည်ပြုနိုင်ရန် ခဲယဉ်းကြောင်း၊ သို့သော် မကြာသေးမီက ပြုလုပ်ခဲ့သည့် ၄င်း၏ ငါးကြိမ်မြောက် နှင့် အားအပြင်းဆုံး နျူကလီးယား စမ်းသပ်မှု ပြီးနောက် နောက်ထပ် နျူကလီးယား စမ်းသပ်မှုပြု လုပ်ရန် ပြင်ဆင်ေ နပြီ ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံ၏ ပြောကြားချက် အရ ၄င်းနိုင်ငံတွင် နျူကလီးယား စမ်းသပ်မှု မကြာခဏ လုပ်ဆောင်ရန် အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း များရှားပါးခြင်း မရှိသည်ကို ထုတ်ဖော်ပြရာ ရောက်ကြောင်း ကျွမ်းကျင် ပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား သည် ယူရေနီယံ ပေါကြွယ်ဝသည့် အပြင် ၄င်းကို လက်နက်ထုတ်လုပ် နိုင်သည့် အဆင့်ထိ ရောက်အောင် သန့်စင်မှုကို ဆယ်စုနှစ် တစ်ခုကြာ လုပ်ဆောင်ခဲ့ပြီး ယခုအခါ တစ်နှစ်လျှင် သန့်စင် ယူရေနီယံ ၁၅ဝ ကီလိုဂရမ် ထုတ်လုပ်နိုင်ဖွယ် ရှိပြီး ယင်းပမာဏ သည် နျူကလီးယားဗုံး ခြောက်လုံး ထုတ်လုပ်ရန် လိုအပ်သည့် ပမာဏနှင့် ညီမျှကြောင်း မြောက်ကိုရီးယား ၏ နျူကလီးယား အစီအစဉ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဆိဂ်ဖရိုင်းဒ်ဟက်ကာ က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
မြောက်ကိုရီးယားတွင် တစ်နှစ်လျှင် နျူကလီးယားဗုံး ၆ လုံးထုတ်လုပ်နိုင်သည် အထိ ယူရေနီယံများ ပေါကြွယ်ဝ  မြောက်ကိုရီးယားတွင် တစ်နှစ်လျှင် နျူကလီးယားဗုံး ၆ လုံးထုတ်လုပ်နိုင်သည် အထိ ယူရေနီယံများ ပေါကြွယ်ဝ Reviewed by THITHTOOLWIN on 14:25 Rating: 5
Powered by Blogger.