![]() |
မြောက်ကိုရီးယားက စစ်အင်အား ပြသခဲ့စဉ် (Credit: Reuters) |
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်ရိုက်စိန်ခေါ်သလို ဖြစ်နေပြီလို့လည်း တောင်ကိုရီးယား သမ္မတ Park Geun-hye က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်က ဒဏ်ခတ်ပိတ်ဆို့မှု ပိုခံရအောင်၊ ပိုပြီး အထီးကျန်ခံရအောင် လုပ်ဆောင်သလို ဖြစ်နေပြီး အဲဒီလုပ်ဆောင်ချက်က မြောက်ကိုရီးယားကို ပျက်စီးစေမယ့် လမ်းကို တွန်းပို့သလို ဖြစ်နေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
တောင်ကိုရီးယားအနေနဲ့ တတ်နိုင်သလောက် တုန့်ပြန်မှုတွေ လုပ်ဖို့ နိုင်ငံတကာကို ဖိအားပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား စမ်းသပ်တဲ့နေရာအနားမှာ ပြင်းအား ၅.၃ အင်အားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းကို စုံစမ်းရာက ငလျင်မဟုတ်ပဲ နျူကလီးယား စမ်းသပ်မှုဆိုတာကို သိကြရတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား စမ်းသပ်ခဲ့တဲ့ နျူကလီးယားထဲမှာ ဒီတချီ အပြင်းထန်ဆုံး ဖြစ်ခဲ့ပြီး တွန်းကန်မှုအားက ၁၀ kilotons ရှိခဲ့ပါတယ်။
ဟီရိုရှီးမားနျူကလီးယား ဗုံးတုန်းက တွန်းကန်မှုအားက ၁၅ kilotons ရှိခဲ့တာ ဖြစ်ပါတယ်။
ဂျပန်အစိုးရကလည်း နျူကလီးယား လက်နက်ဟုတ်မဟုတ် လေထုထဲမှာ ရေဒီယို ဓာတ်သတ္တိတွေ ရှိမရှိ စမ်းသပ်ဖို့ လေယာဉ်တွေကို စေလွှတ်ပြီး လေထု အရည်အသွေးကို စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ရင်တော့ ဒီကိစ္စကို ဂျပန်က သီးခံမှာ မဟုတ်ပဲ ကန့်ကွက်မှုကို အတိအကျ လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဒီတချီအပါအဝင် မြောက်ကိုရီးယားဟာ ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်တာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ပြန်ပြီ
Reviewed by THITHTOOLWIN
on
16:02
Rating:
