၁၆ နှစ်အရွယ် မိန်းကလေးအား မုဒိန်းကျင့်ရန် ကြံစည်သူကို ဖမ်းဆီးမိ


၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နံနက် ၅ နာရီ အချိန်ခန့် တွင် မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာ ရပ်ကွက် အနောက်ဘက်ရှိ မြကမ်းသာရွာတွင် နေအိမ်ပေါ်သို့ ကျူးကျော် တက်ရောက်၍ အိမ်ပေါ်၌ အိပ်နေသော အသက်(၁၆)နှစ်ရှိ မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်ရန် ကြံစည်သူ တစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။

စန္ဒ၀တ်အုပ်စု ချမ်းမြေ့သာရီ ၃လမ်းမှာ နေထိုင်တဲ့ စိုးငယ်(ခ) သန်းစိုး အသက်(၃၅) နှစ် ရှိသူဟာ ကမ်းသာယာ အနောက် အရပ်မှာ ရှိတဲ့ သူ့ရဲ့ အစ်မ ဖြစ်သူ နေအိမ်မှာ လာရောက်တည်းခို နေထိုင်စဉ် တည်းခိုအိမ်ရဲ့ ရှေ့ဘက် နေအိမ်မှာ နေထိုင်တဲ့ မ............. ရဲ့ ခြင်ထောင်ထဲ ၀င်ကာ ပါးစပ်ပိတ်ပြီး အဓမ္မကြံစည်ဖို့ ကြိုးပမ်းရာမှာ မ........ ရဲ့ အော်ဟစ်ရုန်းကန်မှုကြောင့် မအောင်မြင်ပဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ စိုးငယ် (ခ) သန်းစိုးကို မြကမ်းသာရွာနေ လူငယ်များက ဖမ်းဆီးပြီး
ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးက တဆင့် မြိတ်မြို့မ ရဲစခန်းသို့ အပ်နှံကာ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
၁၆ နှစ်အရွယ် မိန်းကလေးအား မုဒိန်းကျင့်ရန် ကြံစည်သူကို ဖမ်းဆီးမိ  ၁၆ နှစ်အရွယ် မိန်းကလေးအား မုဒိန်းကျင့်ရန် ကြံစည်သူကို ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.