မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာ အနီးတွင် စက်တင်ဘာလ (၈)ရက် ညနေ ၅နာရီ ၄၅ မိနစ်ခန့်က ကား တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်နေသော ကားထဲမှ ၄ နှစ်သား ကလေးအပါအဝင် မိသားစု စုစုပေါင်း ၃ ဦးအား ကားတစ်စီးလုံး မီးမလောင်ခင်အချိန်မှီ ကယ်တင်နိုင်ခဲ့ပါတယ်။
ဖြစ်ပွားရာနေရာ -- သပိတ်ကျင်းမြို့ နယ် လိပ်ကျ နှင့် ကျည်တောက်ပေါက် ကြားဖြစ်ပြီး လူနာများကို အချိန်မှီစွာ ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံ သို့ ပို့ ဆောင် ကူညီပေးခဲ့ပါတယ်။
ကူညီဆောင်ရွက်ပေးကြသော မဏီစလ လူမှုနာမှုကူညီရေးအသင်း(မန္တလေး) အသင်း နှင့် ရွာသူရွာသားများအားလုံး အချိန် နှင့်တပြေးညီဆောင်ရွက် ကူညီပေးခဲ့ကြပါသည်ခင်ဗျာ ။
8-9-2016 အချိန် ( 5 : 45 ) pm
ကျော်ဇင်
မိုးကုတ် အတက် လိပ်ကျရွာ လမ်းဘေးမှာ ကားတစ်စီး မီးလောင်
Reviewed by THITHTOOLWIN
on
22:52
Rating:
