ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရန်ကုန်-ညောင်တုန်း ကားလမ်း ပေါ်ရှိ အောင်မြေသာယာ ဘုရားလမ်းထိပ် ၌ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၄၅မိနစ်က (၂၂၆) ယာဉ်လိုင်းနှင့် ဘီအမ် ယာဉ်တို့တိုက်မိသဖြင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက်တွင် အောင်ဇေယျကြိုးတံတားမှ တံတားဖြူ မှတ်တိုင်ဘက်သို့ မောင်းနှင်လာသော (၂၂၆) ယာဉ်လိုင်းမှ YGN-RA ---- ယာဉ်မောင်း ကိုစိုးလှိုင် (၂၄ နှစ်) (၁၆) ရပ်ကွက်နေသူနှင့် တံတားဖြူ မှတ်တိုင် မှ အောင်ဇေယျကြိုးတံတားဘက်သို့ မောင်အောင်(၃၈ နှစ်) မောင်းနှင်လာ သော ဘီအမ်ယာဉ်တို့ အောင်မြေ သာယာဘုရားလမ်းထိပ်၌ တိုက်မိရာ (၂၂၆) ယာဉ်မှာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ပေါ်တွင် ပါရှိသည့်ခရီးသည်များ အနက် ကိုးဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသော ခရီးသည်များကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ လျက်ရှိသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုစိုးလှိုင်နှင့် မောင်အောင် တို့အား လှိုင်သာယာမြို့မရဲစခန်းက အမှု ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-ညောင်တုန်းလမ်း၌ ယာဉ်နှစ်စီးတိုက်မိသဖြင့် တစ်စီးတိမ်းမှောက်
Reviewed by THITHTOOLWIN
on
09:02
Rating:
