(သိုင်း)ရနယ်ချောင်း တိုက်စားမှုကြောင့် လူနေအိမ်အချို့ အရေးပေါ်ရွှေ့ပြောင်းရမည်


ရေတာရှည် စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စိုင်းရသစ်တောကြိုးဝိုင်းနယ်မြေရှိ ၆ မိုင် သစ်တောကျေးရွာရှိ လူနေအိမ်အချို့မှာ (သိုင်း)ရနယ်ချောင်းတိုက်စားမှုကြောင့် စက်တင်ဘာ ၂၆ ရက်တွင် နေ့ချင်းညချင်းရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၆ မိုင်သစ်တောကျေးရွာသည် လူနေအိမ် ၉ဝ ကျော်ရှိပြီး ရနယ်ချောင်းသည် မြောက်မှတောင်သို့စီးဆင်းကာ ချောင်းအတွင်းသို့ပေါင်းဆုံသည့် ရနယ်ချောင်းမှာ ယခု ရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရှေ့ဘက်ခြမ်းကမ်းပါးများဆက်တိုက်ပြိုကျ၍ လူနေအိမ်များအရေးပေါ်ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ၆ မိုင်သစ်တောကျေးရွာနေ ဦးအောင်သန်းကပြောကြားသည်။

 ''၆ မိုင် ရိုးမကားလမ်း တံတားအောက်ခံဒေါ့ကြောင့် ရွာဘက်ကိုရေဦးတည်လာတာပါ။ အခု ကျွန်တော့်အိမ်ရယ်၊ ကျွန်တော့သမီးအိမ်ရယ် မရွှေ့လို့မရတော့ဘူး။ နောက်တစ်ရေ လာရင်ပါတော့မယ်''ဟု ၄င်းကပင်ဆက်၍ပြောသည်။

 ၆ မိုင်သစ်တောကျေးရွာရှိ လူနေအိမ်အချို့ အရေးပေါ်ရွှေ့ပြောင်းရမည့် ကိစ္စနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
(သိုင်း)ရနယ်ချောင်း တိုက်စားမှုကြောင့် လူနေအိမ်အချို့ အရေးပေါ်ရွှေ့ပြောင်းရမည် (သိုင်း)ရနယ်ချောင်း တိုက်စားမှုကြောင့် လူနေအိမ်အချို့  အရေးပေါ်ရွှေ့ပြောင်းရမည် Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.