ဘီးပေါက်ယာဉ် ဓာတ်တိုင်တိုက်မိ (၃) သေဆုံး၊ (၂၁)ဦး ဒဏ်ရာရ

ယာဘက်ရှေ့ဘီးပေါက်သောယာဉ် လမ်းဘေးဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ စက်တင်ဘာ ၉

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကင်းတားရွာ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၃၀၄/၅-၆) ကြား၌ ယာဘက်ရှေ့ဘီးပေါက်သောယာဉ် လမ်းဘေးဓာတ်တိုင်အား ဝင်ရောက်တိုက်မိ၍ (၃) သေဆုံး၊ (၂၁)ဦး ဒဏ်ရာရ ရှိကြောင်း သိရသည်။

 ပျော်ဘွယ်ဘက်မှ မိတ္ထီလာဘက်သို့ ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်လုံရပ်ကွက်နေ ဝက်ကြီး(ခ)နေဝင်းထူး(၃၄)နှစ် မောင်းနှင်လာသော 7F/×××× Hyundai Porter II အဖြူရောင် ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ကာ လမ်းဘေးဓာတ်တိုင်အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ(၂၄)ဦးအနက် ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်လုံရပ်ကွက်နေ ဒေါ်စံပယ် (၄၀)နှစ်ပါ(၃)ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ဒေါ်သန်းကြည် (၅၀)နှစ်ပါ(၂၁)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ဝက်ကြီး(ခ)နေဝင်းထူး အား ပျော်ဘွယ်မြို့မရဲစခန်းယာဉ်(ပ)၆၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဘီးပေါက်ယာဉ် ဓာတ်တိုင်တိုက်မိ (၃) သေဆုံး၊ (၂၁)ဦး ဒဏ်ရာရ  ဘီးပေါက်ယာဉ် ဓာတ်တိုင်တိုက်မိ (၃) သေဆုံး၊ (၂၁)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 05:27 Rating: 5
Powered by Blogger.