ဓား၊ သံတုတ်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ် လူသတ်မှု


ဓား၊ သံတုတ်တို့ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်ပြီး သေဆုံးအောင် ပြုလုပ်သူ ၂ ဦးအား လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူ

ရန်ကုန်၊ စက်တင်ဘာ ၂၄

၂၃.၉.၂၀၁၆ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် ကုမ္ပဏီယာဉ် အုပ်ချုပ်တာဝန်ခံဖြစ်သူ ဦးအောင်လွင်ထံသို့ ၎င်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ယာဉ်အမှတ် 9B-----NISSAN ယာဉ်မောင်းဖြစ်သူ အေးလင်းထွဋ်အား ဓားဖြင့် ၀ိုင်းဝန်းထိုးသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်းကို ၎င်းယာဉ်၏ ယာဉ်နောက်လိုက်ဖြစ်သူမှ အကြောင်းကြား လာခဲ့ကြောင်းနှင့် ဓားဖြင့်ထိုးသူများမှာ ၎င်းကုမ္ပဏီ ယာဉ်မောင်းများဖြစ်ကြသော အင်းစိန်မြို့နယ် နေသူများဖြစ်ကြသည့် ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ် တို့ဖြစ်ကြောင်း တိုင်တန်းလာခဲ့ပါသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဖြစ်သူ အေးလင်းထွဋ်မောင်းနှင်လာသည့် 9B----NISSAN ယာဉ်သည် ရွှေပြည်သာမြို့နယ်ဘက်မှ ကမာရွတ်မြို့နယ် ဘက်သို့မောင်းနှင်လာစဉ် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း မှတ်တိုင်အနီးအရောက် ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့ စီးနင်းလာသော အဖြူရောင်အငှားယာဉ်မှာ ၎င်းတို့၏ယာဉ်ရှေ့မှပိတ်ရပ်ကာ ယာဉ်မောင်း အေးလင်းထွဋ်အား ရှိုင်းဝင်းထွဋ်မှဓားဖြင့်ထိုးပြီး နိုင်လင်း(ခ)နိုင်လင်းထွဋ်မှ သံတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် အေးလင်းထွဋ်၌ ယာရင်အုံနှင့် ၀ဲရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ မေးစေ့စုတ်ပြဲ၊ ၀ဲလက်ဖ၀ါးစုတ်ပြဲ ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး သို့ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်း၊ အခင်းမဖြစ်ပွားမီ လွန်ခဲ့သော ၂ ရက်ခန့်က ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ အေးလင်းထွဋ်၊ ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့သည် အချင်းချင်းစနောက်ရာမှ စကားများရန်ဖြစ်ခဲ့သည့်ကိစ္စအား ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့မှ မကျေနပ်၍ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ကျူးလွန်သူ ရှိုင်းဝင်းထွဋ်နှင့် နိုင်လင်း(ခ)နိုင်လင်းထွဋ်တို့ ၂ ဦးအား ကမာရွတ်မြို့မရဲစခန်း (ပ)၅၄၇ /၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ