ဝါရှင်တန်ဒီစီ စက်တင်ဘာ (၁၃)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြို့တော်ဝါရှင်တန်ဒီစီသို့ ယနေ့ည ဒေသစံတော်ချိန် (၉) နာရီခွဲခန့်က ရောက်ရှိလာပြီဖြစ်သည်။
အမေရိကန် မြို့တော်ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာမိသားစုအသိုင်းအဝိုင်းများကကြိုဆိုခဲ့ကြသည်။
သမ္မတဘားရက်အိုဘားမား၏ဖိတ်ကြားချက်အရ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်သမ္မတအိုဘားမား၏ အထူးဧည့်သည်တော်များတည်းခိုရန်စီစဉ်ထားသည့် ဘလဲဟောက်စံတော်အိမ်တွင် တည်းခိုလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်ဒေသစံတော်ချိန် (၁၁)နာရီတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သမ္မတအိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ - စောဖိုးခွား
https://www.facebook.com/sawphoe.kwar.39
ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံသို့ရောက်ရှိ
Reviewed by THITHTOOLWIN
on
09:48
Rating:
