မြန်မာနှင့် ကိုလံဘီယာ နိုင်ငံတို့အကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကိုလံဘီယာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရန်နှင့် ခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်လျက် သံတမန်နှင့် အထူး∕ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပြုရေးသဘောတူစာချုပ်အား (၂၀-၉-၂၀၁၆)ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကိုလံဘီယာသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Ms. María Ángela Holguín Cuéllar တို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar/
မြန်မာနှင့် ကိုလံဘီယာ နိုင်ငံတို့အကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး မြန်မာနှင့် ကိုလံဘီယာ နိုင်ငံတို့အကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.