လာအိုနိုင်ငံသို့ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ အထူးလေယာဉ်ဖြင့် ယနေ့ ၀၉၁၀ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာ သွားပါသည်။
ယခု ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့်ဆက်စပ် ထိပ်သီးအစည်းအဝေးများ အပြီးတွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌတာဝန်အား လာအိုနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပါသည်။
Ministry of Foreign Affairs Myanmar
https://www.facebook.com/mofamyanmar
လာအိုနိုင်ငံသို့ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
Reviewed by THITHTOOLWIN
on
09:52
Rating:
