ဖားကန့်မြို့နယ် နန့်ယားကျေးရွာ ဌာနေပြည်သူ့စစ်ခေါင်းဆောင် အားKIA အဖွဲ့မှ လာရောက်လုပ်ကြံမှု ၂၃- ၉ - ၂၀၁၆ ရက် နံနက် ၁၀း၃၀ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ဌာနေပြည်သူ့စစ်ခေါင်းဆောင်နေအိမ်မှ ဆိုင်ကယ်ဖြင့်စီး၍ ထွက်လာစဉ် အမည်မသိလူနှစ်ဦး မျက်နှာခြင်းဆိုင်ဘက်မှ ဆိုင်ကယ်စီးပြီးအလာ အနားအရောက်တွင် နောက်မှထိုင်လိုက်လာသောသူမှ ပြည်သူ့စစ် ခေါင်းဆောင် ကိုမျိုးမင်းထွန်းအား အသင့်ပါလာသော သေနတ်ဖြင့်ပစ်၍ ထွက်ပြေးသွားခဲ့သည်။
ကိုမျိုးမင်းထွန်းမှာ ညာလက်ကောက်ဝတ်သေနတ်ထိမှန်နှင့် ဝမ်းဗိုက်ရှပ်မှန် ဒါဏ်ရာများရရှိပြီး အသက်အန္ဓာရာယ် စိုးရိမ်စရာ မရှိကြောင်း ဒေသခံများပြောပြ၍ သိရသည်။
KIA တွေဒုတိယအကြိမ် နန့်ယားကျေးရွာ ပြည်သူ့စစ်များကို သွေးထိုးလာစမ်းနေပြီ ဖြစ်ကြောင်း ဒီအတိုင်းဆိုရင် ကျေးရွာမအေးချမ်းနိုင်ကြောင်း ဒီကိစ္စကို ပြည်သူ့စစ်များနှင့် ရှမ်းမျိုးနွယ်စုများ ငြိမ်းခံနေမည် မဟုတ်ပဲ လက်တုန့်ပြန်နိုင်ကြောင်း ဌာနေပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရခြင်းနှင့် ပတ်သက်၍ ဒေသခံရွာသားများံမှ ပြောဆိုနေကြသည်။
ဧရာဝတီမြစ်ဖျားဆီက
https://www.facebook.com/ukawlay/
နန့်ယားကျေးရွာ ဌာနေပြည်သူ့စစ် ခေါင်းဆောင် သေနတ်ပစ်ခံရ
Reviewed by THITHTOOLWIN
on
17:04
Rating:
