ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီး တစ်ဦးသေဆုံး

 တနင်္သာရီမြို့နယ်၊ဘန်းလမွတ်ကျေးရွာ၊ လယ်ဦး တံတားအနီး ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီး တစ်ဦးသေဆုံး
၂၀-၉-၂၀၁၆

(၂၀-၉-၂၀၁၆)ရက်နေ့ (၁၂၁၅)အချိန် တနင်္သာရီ မြို့မရဲစခန်းမ ဒုရဲအုပ် နေဝင်းမြင့် နှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ လယ်ဦး တံတားအနီးတွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ (၂၀-၉-၂၀၁၆)ရက်နေ့ (၁၀၂၀)အချိန်ခန့်တွင် မြိတ်မြို့ ဘက်မှ တနင်္သာရီမြို့သို့  ဗီနမ်အမျိုးအစား Wave-100၊ ငှက်ခါးရောင်ဆိုင်ကယ်အား ကျော်ဦး (၂၂)နှစ်၊(ဘ)ဦးစိုးလွင်၊ဘုတ်ချောင်းကျေးရွာ၊ မြိတ်မြို့ နယ်နေသူမောင်းနှင်ပြီ ဆိုင်ကယ်နောက်တွင် ညီမဝမ်းကွဲ တော်စပ်သူ မဇင်မာဌေး(၂၂)နှစ်၊ (ဘ)ဦးခင်ဝင်း၊ ပနာတောင်ကျေးရွာ၊ မြိတ်မြို့နယ်နေသူ လိုက်ပါလာသည့် ဆိုင်ကယ်သည် လယ်ဦးတံတားအနီး မဇင်မာဌေးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းနှောက်စိ ဖူးရောင်ဒဏ်ရာ(၁)ချက်၊ဝဲဘက်လက် မောင်းပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ နား/နှာခေါင်းသွေးယိုစီး ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ကျော်ဦးအား အရေးယူ ပေးပါရန် ဒုရဲအုပ် နေဝင်းမြင့်မှ တရားလိုပြုလုပ်တိုင် တန်းသဖြင့် တနင်္သာရီမြို့မရဲစခန်း ယာဉ်(ပ)၈၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ခရိုင်သတင်းနှင့် မှုခင်းမီဒီယာ
ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီး တစ်ဦးသေဆုံး  ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ အမျိုးသမီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.