လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ၊ ကား နှစ်စင်းပျက်စီး


လောက်ကိုင် စက်တင်ဘာ၂၃။

စက်တင်ဘာ၂၃ရက်နေ့ ( ယနေ့) ညနေ(၆)နာရီခန့်က၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တုံချိန်ရပ်ကွက်၊ ကူမင်းလမ်းသွယ်အတွင်း ရပ်တန့်  ထားသည့် ကားတစ်စီးပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ တုံချိန်ရပ်ကွက်မှ ကိုလောက်ဝူးက စက်တင်ဘာလ ၂၃ ရက်တွင် AHN သို့ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် VIGO ယာဉ်(၁)စီး၊ တရုတ်နံပါတ်တပ် ဆလွန်းယာဉ်(၁)စီးတို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူ(၂)ဦးထိခိုက်ဒဏ်ရာရှိခဲ့သော်လည်းအသက်အန္တရာယ်မစိုးရိမ်ရကြောင်း၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးလားရှိုးမြို့ရှိ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအထူးရဲသတင်းတပ်ဖွဲ့ ထံဆက်သွယ်မးမြန်းရာ တွင်လောက်ကိုင်မြို့ တုံချိန်ရပ်၊ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟုတ်မှန်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇေယျာ( AHN - LSO)

PHOTO - Lashio News။
The Asia Heart News
လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ၊ ကား နှစ်စင်းပျက်စီး  လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲ၊ ကား နှစ်စင်းပျက်စီး Reviewed by THITHTOOLWIN on 04:48 Rating: 5
Powered by Blogger.