ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမ နေအိမ် မီးထဲပါ

( မီးလောင်နေသည်ကို ယနေ့နံနက်ကတွေ့ရစဉ်)
နိရဉ္စရာ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖေါင်တော်ပြင် ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခွဲက မီးလောင်မှု ဖြစ်ပွားရာ အိမ်တစ်လုံးနှင့် ဆရာ ဆရာမနေအိမ် အဆောင်တစ်လုံး မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ဖောင်တော်ပြင် ကျေးရွာက ဦးရော်ချီ (ဘ) အီချုပ် အိမ်က စလောင်ပါတယ်။ မီးပွား မီးစတွေကနေ ဆက်လောင်တော့ ကျေးရွာသားတွေ ဆောက်ပေးထားတဲ့ ဆရာ ဆရာမနေအိမ် အဆောင်လည်း မီးထဲပါသွားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောသည်။

၎င်းအဆောင်မှာ သွပ်မိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်း အဆောက်အဦးဖြစ်ကြောင်း သိရသည်။

“ နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ တည်ဆဲ ဥပဒေအရ အရေးယူသွားမှာပါ။ ပျက်စီးမှု တန်ဖိုး မသိရသေးဘူး။ လူအထိအခိုက် မရှိပါဘူး။ အခုတော့ မီးသတ်က သွားရောက်စစ်ဆေးနေပါတယ်” ဟု ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမ နေအိမ် မီးထဲပါ  ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်တွင် မီးလောင်၊ နေအိမ်တစ်လုံးနှင့် ဆရာ/ဆရာမ နေအိမ် မီးထဲပါ Reviewed by THITHTOOLWIN on 14:37 Rating: 5
Powered by Blogger.