![]() |
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်လုပ်ဆောင်ခဲ့သည်နေရပြမြေပုံ |
Dandong Hongxiang (DHID) စက်မှုဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်၊ ကုမ္ပဏီရဲ့ ဥက္ကဌ အမျိုးသမီး Ma Xiaohang နဲ့ တခြား ကုမ္ပဏီ ထိပ်တန်း အုပ်ချုပ်ရေးမှုး ၃ ယောက်တို့ကို အမေရိကန် ငွေကြေးဆိုင်ရာအဖွဲ့အစည်းကို အသုံးပြုပြီး ငွေကြေးခ၀ါချမှု အပါအ၀င် မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖောက်ဖျက်ရာမှာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု အရေးယူလိုက်ပါတယ်။
DHID ကို မြောက်ကိုရီးယား နျူကလီးယား လက်နက်အစီအစဉ် အတွက် ငွေကြေးအထောက်ကူ ပေးနေတယ်လို့ သံသယရှိနေတဲ့ Kwangson Banking Corporation နဲ့ ဆက်နွယ်ပတ်သက်နေမှုနဲ့ တရုတ်အစိုးရ အာဏာပိုင်တွေ ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ကုမ္ပဏီ ဥက္ကဌ Ma Xiaohang ကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့လအတွင်း ကတည်းက ထိန်းသိမ်း ထားခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner ကလည်း ဒါဟာ ကျနော်တို့နဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းလုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သက်ဆိုင်တဲ့ အကျိုးစီးပွားကိစ္စ ဖြစ်တယ်ဆိုတဲ့အမြင် နှစ်နိုင်ငံစလုံးမှာ ရှိကြပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ကြီးမားတဲ့ ဖိအား ပေးနေကြတာ ဖြစ်ကြောင်း တနင်္လာနေ့မှာ ပြောကြား လိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြောက်ကိုးရီယားအတွက် ငွေခ၀ါချပေးမှုနှင့် တရုတ်ကုမ္ပဏီကို ကန် ဒဏ်ခတ်
Reviewed by THITHTOOLWIN
on
10:39
Rating:
