![]() |
( ကချင်ပြည်နယ်က ရွှေတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် ) Photo: Myo Zaw Ko/ RFA |
တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးရာမှာ လုပ်ကွက်တွေမှာ လူမရှိပဲ ထွက်ပြေး သွားကြတဲ့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပတ်သက်နေနိုင်တယ်လို့ စစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ ၀န်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။
"အဓိကကတော့ ထွက်ပြေးသွားတယ်ဆိုတဲ့နေရာမှာ ကျနော်တို့သုံးသပ်တာကတော့ သူ့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းပိုင်းတွေနဲ့ မလွဲမသွေပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့ ကျနော်တို့ယူဆတယ်၊ အဲ့တော့ ခရိုင်အုပ်ချုပ်ရေးမှူးကို အဖွဲ့ခေါင်းဆောင်အဖြစ် ထားပြီးတော့မှ ခရိုင်ကနေ ပထမဆုံးခုံရုံးဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမယ်ပေါ့၊ ခရိုင်အဆင့်စစ်ဆေးပြီးတဲ့အခါမှာ တိုင်းအစိုးရကနေ ခုံရုံးဖွဲ့စစ်ဆေးသွားမယ်လို့ ၀န်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့တယ်"လို့ ဦးဇော်လင်းဦး က ပြောတာဖြစ်ပါတယ်။
ဝန်းသိုမြို့နယ်မှာ တရားဝင်ရွှေတူးဖော်တဲ့ကုမ္ပဏီ ၁၃ ခုရှိပေမယ့် ထပ်မံ သက်တမ်းတိုးခွင့်ရှိတဲ့ကုမ္ပဏီ ၃ ခုသာရှိပြီး ကျန်တဲ့ကုမ္ပဏီတွေက သက်တမ်းကုန်ဆုံး ပြီဖြစ်သလို သက်တမ်းတိုးခွင့်ကိုလည်း ရပ်ဆိုင်းထားပါတယ်။
သက်တမ်းတိုးခွင့်မရှိတဲ့ကုမ္ပဏီတွေက ဆက်လက်တူးဖော်လုပ်ကိုင်နေကြ တာကို ဒေသခံတွေကို တိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီရွှေလုပ်ကွက်တွေထဲမှာ ကုမ္ပဏီတွေအပြင် တစ်ပိုင်တစ်နိုင်တူးဖော်ရေး လုပ်ကိုင်နေတဲ့ဒေသခံတွေလည်း ရှိနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဝန်းသိုမြို့နယ်က တရားမ၀င် ရွှေတူးဖော်မှုတွေကို ခုံရုံးဖွဲ့ စစ်ဆေးမည်
Reviewed by THITHTOOLWIN
on
16:20
Rating:
