ငါးဖမ်းသောခုံစင်တွင် ငါးဝင်ကောက်၍ လည်ဂုတ်အား ဓားဖြင့်လှီး



13.9.2016 ရက်နေ့ 4:45 အချိန်တွင် အင်ပင်နယ်မြေရဲစခန်းပိုင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဘန်ဘွေးကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာအနောက် ကျွဲသေတောစပ်ရှိ ငါးဖမ်းသောခုံစင်တွင် ငါးဝင်ကောက်၍ လည်ဂုတ်အား ဓားဖြင့်လှီးဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ငါးဖမ်းသောခုံစင်တွင် နေထိုင်သော သိန်းထွန်း၊ အသက်(41)နှစ်၊(ဘ)ဦးသိန်းစံ ၊ တပ်ကုန်းကျေးရွာ၊ ဘန်ဘွေးကုန်းကျေးရွာအုပ်စုသည် ၎င်း၏ ငါးဖမ်းသောခုံစင် ထဲရှိ ငါးများအား ဝင်ကောက်နေသူ မောင်မင်းထက်ဇော်၊ အသက်(14)နှစ်၊ (ဘ)ဉီးမြင့်သိန်း၊ တပ်ကုန်းကျေးရွာ၊ဘန်ဘွေးကုန်းအုပ်စု၊ မြန်အောင်မြို့နယ်နေသူအား ငါးဖမ်းရာတွင် အသုံးပြုသည့် ဓားမဖြင့် လည်ဂုတ်အားလှီးခဲ့ခြင်း ဖြစ်သည်။

 မောင်မင်းထက်ဇော်၏ လည်ဂုတ်တွင် ပြတ်ရှဒဏ်ရာ(1)ချက်(စိုးရိမ်ရ) ဒဏ်ရာရရှိသဖြင့် တရားခံ သိန်းထွန်းအား အင်ပင်နယ်မြေရဲစခန်း အမှုစစ်ရဲအုပ်ဝင်းလွင်မိုးမှ (ပ)77/2016 ရာဇသတ်ကြီးပုဒ်မ 326 ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူထားကြောင်း သတင်းရရှိသည်။

ဇော်မျိုးအောင်နှင့်အဖွဲ့
မြန်အောင်
ငါးဖမ်းသောခုံစင်တွင် ငါးဝင်ကောက်၍ လည်ဂုတ်အား ဓားဖြင့်လှီး  ငါးဖမ်းသောခုံစင်တွင် ငါးဝင်ကောက်၍ လည်ဂုတ်အား ဓားဖြင့်လှီး Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.