ကြက်ပျောက်သည့် ကိစ္စဖြင့် စွပ်စွဲပြောဆိုသည်ကို မကျေနပ်၍ ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်


နေပြည်တော်၊ စက်တင်ဘာ ၁၆
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနေ ဇော်ဇော်ဦး(၂၈)နှစ်သည် နေအိမ်၌ရှိနေစဉ် မိခင်ဖြစ်သူ ဒေါ်ပေါက်စ(၅၀)နှစ် ဓားဖြင့် ခုတ်သတ်ခံရကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ တစ်ရွာ တည်းနေ ဦးသာဒွေး၏နေအိမ်ရှေ့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

 ပတ်ဝန်းကျင်အား မေးမြန်းရာ ဒေါ်ပေါက်စ က ကြက်ပျောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး တစ်ရွာ တည်းနေ ကျော်ကျော်ဦး(၂၉)နှစ်အား စွပ်စွဲပြောဆိုရာက မကျေနပ်၍ စကားများရန်ဖြစ်ကာ ကျော်ကျော်ဦးက ကိုင်းခုတ်ဓားနှင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

 ဇော်ဇော်ဦး၏ တိုင်တန်းချက်အရ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်းမှ တရားခံအား စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန် ဖမ်းဆီးရမိခဲ့ပြီး ၎င်းရဲစခန်း(ပ)၉၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ကြက်ပျောက်သည့် ကိစ္စဖြင့် စွပ်စွဲပြောဆိုသည်ကို မကျေနပ်၍ ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်   ကြက်ပျောက်သည့် ကိစ္စဖြင့် စွပ်စွဲပြောဆိုသည်ကို မကျေနပ်၍ ကိုင်းခုတ်ဓားဖြင့် ခုတ်သတ် Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.