စစ်ကိုင်းမြို့ စက်မှုဇုန် ပတ္တမြားရပ်ကွက်တွင် စွန့်  ပစ်အမှိုက်များ စက်ပါးလွှာစများကို စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့် မှစတင်၍ လောင်ကျွမ်း ခဲ့ကြောင်း သိရပြီး ခြံပိုင်ရှင်မှာ မန္တလေးတွင် နေထိုင်သူဟု သိရကာ အဆိုပါခြံဝိုင်းကို အငှားချထားကြောင်း သိရသည်။
အဆိုပါ အမှိုက်ပုံ မီးလောင်ရာသို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ မီးသတ်ကားများ ပြင်ပမှရေဘောင်ဆာများ မီးငြိမ်းသတ်နေကြကာ ည ၁၀ နာရီ ၁၅ အထိ မီးမငြိမ်းနိုင်သေးကြောင်း သိရကာ မီးလောင်မှုသည် နေအိမ်များနှင့် ဝေးကွာခြင်း ခြံမှာ ၄ ဧကကျော်ကျယ်၍ နေအိမ်များသို့ မီးကူးရန် စိုးရိမ်ဖွယ်ရာ မရှိကြောင်းလည်း သိရသည်။
မီးလောင်မှုကြောင့် အန္တရာယ်ကျရောက်ပါက ကူညီနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့ များမှကားများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးနေကြသည်။
ညီဇော်
စစ်ကိုင်းစက်မှုဇုံအတွင်း မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
22:37
Rating:
