ပုဏ္ဏားကျွန်းမြို.နယ်အတွင်း ငွေတစ်သောင်းတန် အတု သိန်းလေးဆယ်ကျော်အားလှည့်လှယ် သုံးစွဲနေသူများအား ဖမ်းဆီးရမိ


စက်တင်ဘာ ၁၉၊ DNJ

ငွေစက္ကူတစ်သောင်းတန်အတုများနဲ့ ကျေးရွာများအတွင်း လှည့်လှယ်သုံးစွဲနေတဲ့ အဖွဲ့ကို ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီပြင် ကျေးရွာအနီးမှာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ ညနေပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့က ပူးပေါင်းပြီး သက်သေခံငွေစက္ကူအတုများတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပိုးရွီပြင်ရဲကင်း ရဲစခန်းမှုး ဒုရဲအုပ် ရွှေလှိုင်ကပြောပါတယ်။

“ကျေးရွာတွေကို လှည့်လှယ်ပြီး ငွေစက္ကူတစ်သောင်းတန်အတုတွေနဲ့ သုံးစွဲနေတာကို သတင်းရလို့ တပ်မတော်နဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူပေါင်းပြီး လိုက်လံဖမ်းဆီးခဲ့တာ၊ဂန့်ဂေါရွာနဲ့စေတီပြင်ကျေးရွာနားမှာ စစ်လှေကိုဖမ်းဆီးရမိပါတယ်၊ ပုဏ္ဏားကျွန်း မြိုမရဲစခန်းကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ပို့ဆောင်နေပါတယ်”လို့ ပိုးရွီပြင်ရဲကင်း ရဲစခန်းမှုးကပြောဆိုခဲ့ပါတယ်။


ငွေစက္ကူတစ်သောင်းတန်အတုတွေနဲ့ ကျေးရွာတွေမှာ ဈေးဝယ်ပြီး ဈေးသည်တွေက ဈေးဖိုးပေးရာက အတုမှန်းသတိထားမိပြီး သက်ဆိုင်ရာကို အကြောင်းကြားတာဖြစ်တယ်လို့ ပိုးရွီပြင် ကျေးရွာအတွင်း ကုန်စုံဆိုင်ရောင်းချနေတဲ့ မမိုးမိုး က ပြောပါတယ်။

“မနက်တုန်းက ကျွန်မ ဆိုင်ကို ကင်စီပရာ(စွပ်ကျယ်) ရှစ်ရာတန်ကို တသောင်းတန်နဲ့ လာဝယ်တယ်၊ခနနေတော့ နောက်ထပ်တရွက်နဲ့ ဘောင်းဘီတိုတစ်ထည်လာဝယ်တယ်၊ အဲဒီပိုက်ဆံတွေကို လူကြုံနဲ့ မြိုကို ပစ္စည်းမှာတဲံ့အခါဈေးဖိုးပေးတော့ လူကြုံက သတိထားမိပြီး ပြတော့မှ တရွာလုံး သတိထားမိပြီး သက်ဆိုင်ရာကို လှမ်းအကြောင်းကြားခဲ့တာဖြစ်တယ်”လို မမိုးမိုးက ပြောဆိုခဲ့ပါတယ်။


အခုဖမ်းဆီးရမိသူတွေဟာ ကျေးရွာတွေကို လှည့်လှယ်ပြီး ငွေတသောင်းတန်အတုတွေနဲ့ ဒေသခံရခိုင်တိုင်းရင်းသားတို့ရဲ့ ရိုးသားမှုကို အခွင့်အရေးယူပြီး လိမ်လှည်နေကြတာဖြစ်ပြီး ပိုးရွီပြင်ကျေးရွာကို ရောက်ရှိနေတာ နှစ်ရက်ခန့်ရှိနေပြီဖြစ်တယ်လို. ဒေသခံကျေးရွာသားတွေကပြောပါတယ်။

သက်ဆိုင်ရာကို သွားရောက်အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ နဲ့အတူ နယ်မြေခံတပ်မတော်တို့ပူပေါင်းပြီးလိုက်လံဖမ်းဆီးခဲ့ရာ ငွေစက္ကူအတုတွေကို ရေထဲကို လွင့်ပစ်ချပြီး လိုက်လံဖမ်းဆီးခဲ့အတွက် ညနေပိုင်းမှာ ဖမ်းဆီးရမိတယ်လို့ ပိုးရွီပြင်ဒေသခံတဦးဖြစ်တဲ့ ကိုကံကြီးမောင်က ပြောပါတယ်၊
ဖမ်းဆီးရမိတဲ့ တရားခံလေးယောက်နဲ့အတူ တသောင်းတန် ငွေစက္ကူအတု(၂၅၇)ရွက်၊တစ်ထောင်ကျပ်တန် ငွေ အစစ်ကျပ်(၆)သိန်းကျော် နှင့် တခြား သက်သေခံ ပစ္စည်းတွေကို သိမ်းဆီးရမိခဲ့ပြီး ၊ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

မြင့်မြတ်ဖြူ
ဓါတ်ပုံ- PL
Development Media Group
https://www.facebook.com/DevelopmentNJ
ပုဏ္ဏားကျွန်းမြို.နယ်အတွင်း ငွေတစ်သောင်းတန် အတု သိန်းလေးဆယ်ကျော်အားလှည့်လှယ် သုံးစွဲနေသူများအား ဖမ်းဆီးရမိ   ပုဏ္ဏားကျွန်းမြို.နယ်အတွင်း ငွေတစ်သောင်းတန် အတု သိန်းလေးဆယ်ကျော်အားလှည့်လှယ် သုံးစွဲနေသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.