အိမ်အကူ ညှင်းပန်းနှိပ်စက် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ


ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသော အမှုမှကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ ဦးကိုလတ်၊ (၆၃)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၂၀၅၀ အချိန်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
အိမ်အကူ ညှင်းပန်းနှိပ်စက် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ အိမ်အကူ ညှင်းပန်းနှိပ်စက် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.