စစ်တပ်နှင့် ဆက်နွယ်သော ကချင် မူးယစ်ဂိုဏ်းမှ ရဲများကို ရိုက်နက်

မိုးညှင်း ရဲ အရာရှိ တစ်ဦးကို တွေ့ရစဉ်
စစ်တပ် တိုင်းမှူး အဆင့်ထိ ဆက်နွယ်ပြီး ကချင်ပြည်နယ် အင်းတော်ကြီး ဒေသအတွင်း ဒုတိယ အကြီးဆုံး မူးယစ် ဆေးဝါး ရောင်းဝယ်သူ ဟု နာမည်ထွက်နေသူ တစ်ဦးအား ဖမ်းဆီးခဲ့သည့် အစိုးရ ရဲတပ်ဖွဲ့များ ပြန်လည် ရိုက်နက်ခံရသည့်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့ ဖြစ်ပွားခဲ့သည်။

မူးယစ်ရောင်းဝယ်သူ ဦးအောင်ကျော်ဝင်း ကို ဘိန်းဖြူအလေးချိန် ၁၁၇ ဒဿ     မ ၄၀၀၁ ဂရမ်၊ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေ ကျပ် ၁၇ သိန်းကျော် နှင့်အတူ ယမန်နေ့ မိုင်းနောင်ကျေးရွာတွင် မိုးညှင်းမြို့နယ်နှင့် နေပြည်တော် မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့များ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၄င်း၏ သားဖြစ်သူမှ ရွာသား ၂၀ ခန့် အင်အားဖြင့် ရဲတပ်ဖွဲ့ကို ပြန်လည် ရိုက်နက်ခဲ့သည်ဟု ကချင် ဒေသ လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Pat Jasan (PJS) ခေါင်းဆောင်များ မှ သိရသည်။

ဒေသခံများ၏ အဆိုအရ ၄င်း မူးယစ်ရောင်းဝယ်သူအဖွဲ့သည် မြန်မာ့တပ်မတော်မှ အရာရှိ ဗိုလ်ကြီးမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမူး အဆင့်အထိ ငွေကြေး လာဘ်ထိုးမှုများ ရှိကြောင်း သိရသည်။

၎င်းအဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ဆိုးဝါးရွာ ရိုက်နက်ခဲ့သည့်အပြင် သေနတ် နှင့် လက်ပစ်ဗုံး ၂ လုံး ကိုပါ ယူဆောင်သွား သည်ဟု ဒေသခံများ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ရိုက်နက်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များကို လက်ရှိ မိုးညှင်း ဆေးရုံတွင် ကုသပေးနေကြောင်း သိရသည်။

မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် အတွင်း စစ်တပ် ကျောထောက် နောက်ခံ ရှမ်းနီ ပြည်သူ့စစ်များမှ အဓိက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ပြုလုပ်နေသည်ဟု ဒေသခံ PJS အဖွဲ့များ ဆိုပါသည်။

ထိုသို့ စစ်တပ်နှင့်ဆက်နွယ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများအား ဖမ်းဆီးနိုင်ရန် ‘တာဝန်ရှိ ၀န်ထမ်းများကို ထိခိုက်နာကျင်စေမှု ပုဒ်မ နှင့် လက်နက်ပုဒ်မ’ တို့ဖြင့် ရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း သိရသည်။

Kachin News Group
http://burmese.kachinnews.com
စစ်တပ်နှင့် ဆက်နွယ်သော ကချင် မူးယစ်ဂိုဏ်းမှ ရဲများကို ရိုက်နက်  စစ်တပ်နှင့် ဆက်နွယ်သော ကချင် မူးယစ်ဂိုဏ်းမှ ရဲများကို ရိုက်နက် Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.