ရှန်ခိုက်ဘုရားမုခ်ဦးအနီး ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်သူအချို့ကို ဖမ်းဆီးရမိ


လားရှိုး၊ စက်တင်ဘာ-၁၃

လားရှိုးမြို့၊ ရှန်ခိုက်ကျေးရွာ၊ ရှန်ခိုက်ဘုရားမုခ်ဦးအနီးတွင် အုပ်စုဖြင့်ရိုက်နှက်သူများထဲမှ လူငယ်အချို့ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ (၁၁-၉-၂၀၁၆)နေ့ မောင်သိန်းထက်အောင်၊ မောင်အားဖျင့်၊ မနန်းအေးခု၊ မနန်းမြဦး တို့(၄)ဦးသည် ရှန်ခိုက်ဘုရားသို့ ဆိုင်ကယ်(၂)စီးဖြင့်သွားရောက်ရေကစားကြပြီး ညနေ(၃း၃၀)နာရီအချိန်၌ ပြန်လာစဉ် ရှန်ခိုက်ဘုရားမုခ်ဦးအနီးအရောက်တွင် ယခင်က ရန်ငြှိုးရန်စရှိခဲ့ဖူးသော မောင်စိုင်းကြည်(ခ)အားကွေ့ တို့အဖွဲ့နှင့်တွေ့ပြီး ၎င်းတို့အဖွဲ့မှ မောင်သိန်းထက်အောင်နှင့် မောင်အားဖျင့် တို့အား ၀ိုင်းဝန်းရိုက်နက်ခဲ့ကြောင်းနှင့် ဆိုင်ကယ်အားလဲ ၀ိုင်းဝန်းရိုက်ခွဲဖျက်စီးခဲ့ကြောင်းသိရှိရသည်။


 ထိုသို့ အုပ်စုဖြင့်ရိုက်နှက်ခံရမှုများကြောင့် မောင်သိန်းထက်အောင် တွင် ယာလက်မောင်းနှင့် ဦးခေါင်းနာကျင်ဒဏ်ရာ(မစိုးရိမ်ရ) နှင့် မောင်အားဖျင့်တွင် နှာခေါင်းသွေးထွက်၊ ၀ဲခါးနာကျင်၊ ၀ဲလက်ခုံနာကျင်၊ ယာလက်ဝါးပြတ်ရှ၊ ယာနားထင်အပေါ် ဖူးရောင်၊ နောက့်စေ့ဝဲဘက် နာကျင်ဒဏ်ရာ(စိုးရိမ်ရ)များ အသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ ဒဏ်ရာရရှိ၍ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် မောင်အားဖျင့်၊ အသက်(၁၇)နှစ်၊ ရပ်ကွက်(၁၁)၊ လားရှိုးမြို့နေသူသည် (၁၂-၉-၂၀၁၆)နေ့ နံနက်တွင် သေဆုံးသွားကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အုပ်စုဖြင့် ၀ိုင်းဝန်းရိုက်နှက်သူ မောင်စိုင်းကြည်(ခ)အားကွေ့၊ အသက်(၁၆)နှစ်၊ ရပ်ကွက်(၁)၊ လားရှိုးမြို့နေသူနှင့် ၎င်း၏သူငယ်ချင်းများဖြစ်ကြသော အားချီ(ခ)ကျုံးအားချီ ၊ စန်းသီး(ခ)ရန်စန်းသီ(ခ)လောက်စန်း၊ အားစီ(ခ)ကျုံးအားစီ၊ အားဝီ(ခ)လောက်ဝီ(ခ)၀မ့်အားဝီ၊ အားရှန်း(ခ)ကျောက်အားရှန် နှင့် ထွက်ပြေးတိမ်းရှောင်နေသူ လောင်မောင် ၊ လောက်ချန် တို့အား လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Nay Myo‎ (Lashio News)
ရှန်ခိုက်ဘုရားမုခ်ဦးအနီး ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်သူအချို့ကို ဖမ်းဆီးရမိ  ရှန်ခိုက်ဘုရားမုခ်ဦးအနီး ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်သူအချို့ကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.