မော်တော်ဆိုင်ကယ်က မှန်လုံယာဉ်ကို ဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


လားရှိုး စက်တင်ဘာ ၎

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့ရှောင်လမ်း၌ စက်တင်ဘာလ(၃)ရက်နေ့က မော်တော်ဆိုင်ကယ် တစ်စီးက မှန်လုံယာဉ်တစ်စီးကို ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့ရှောင်လမ်းအတိုင်း မူဆယ်ဘက်မှ မန္တလေးဘက်သို့ အိုက်မောင်း ၂၅ နှစ် တန့်ယန်းမြို့နေသူ မောင်းနှင်လာသော SHAYAN-110 ကျောက်စိမ်းရောင် ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် (၃/၁) အရောက်တွင် ဝဲဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ လာသော မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာနေ ယာဉ်မောင်း ရဲဝင်းထွန်း ၃ဝ နှစ် မောင်းနှင်လာသည့် 1G/---- SCAINA ခဲစိမ်းရောင် ခရီးသည်တင် မှန်လုံယာဉ်ကို ဝင်တိုက်မိရာ အိုက်မောင်းမှာ ဦးခေါင်းနှင့် ဆီးခုံတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်။


 အခင်းဖြစ်ပွားရာသို့ အမှတ် (၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့ (လားရှိုး) မှ တာဝန်မှူး ရဲအုပ်ကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးပြီး အလောင်းကို ရဲဆေးစာဖြင့် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အိုက်မောင်းကို လားရှိုးမြို့မ ရဲစခန်းက ယာဉ် (ပ) ၃၂/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃ဝ၄-က အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဓါတ်ပုံ - Kggyi Tmsoe
မြ၀တီ
https://www.facebook.com/mwdmedia
မော်တော်ဆိုင်ကယ်က မှန်လုံယာဉ်ကို ဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး  မော်တော်ဆိုင်ကယ်က မှန်လုံယာဉ်ကို ဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.