လောက်ကိုင်၊ စက်တင်ဘာ(၂၃)
စက်တင်ဘာလ (၂၃) ရက်နေ့ ယနေ့ ညနေ(၆)နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ တုံချိန်ရပ်၊ ကူမင်းလမ်းသွယ်အတွင်း ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
ဗုံးပေါက်ကွဲမှုကြောင့် VIGO ယာဉ်(၁)စီး၊ တရုတ်နံပါတ်တပ် ဆလွန်းယာဉ်(၁)စီးတို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူ(၂)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကြောင်း ကနဦးသတင်းရရှိပါသည်။
Nay Myo (Lashio News)
လောက်ကိုင်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:34
Rating:
