နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံ


ဗီယင်ကျန်း စက်တင်ဘာ ၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ နာရင်ဒရာမိုဒီနှင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာများ အပြန်အလှန် ဖလှယ်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲသီးနှံအမျိုးမျိုးတင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့ပြင် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်က ယခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် ဘင်းစတက် ထိပ်သီးအစည်းအဝေးနှင့် BRICS ထိပ်သီးအစည်း အဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် ရန် မျှော်လင့်ပါကြောင်း၊ အစည်းအဝေးများနှင့် တစ်ဆက် တည်း နှစ်နိုင်ငံတွေ့ဆုံပွဲကို ကျင်းပသွားလိုကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်၏ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးဆောင်ရွက်ချက်များကို အိန္ဒိယအစိုးရမှ အစဉ်ထောက်ခံ သွားမည်ဖြစ်ကြောင်း၊ ဂျပန်နှင့် အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ထားသော အစီအစဉ်တစ်ခုဖြစ်သည့် ဗုဒ္ဓဘာသာ ထိပ်သီးအစည်းအဝေးကို ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် အဆိုပြုပါ ကြောင်း ပြောကြားခဲ့သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့်တွေ့ဆုံ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.