ယနေ့ စက်တင်ဘာ ၁၂ ရက် ညနေ ၆ နာရီကျော်ခန့်က စစ်ကိုင်းမြို့၏ မြောက်ဘက် စစ်ကိုင်း-မင်းကွန်း ကားလမ်း ဝါချက်ကျေးရွာ ရှင်ဖြူရှင်လှဘုရားဆောင်းတန်းအနီးတွင် မင်းကွန်းဘက်မှ မောင်းနှင်လာသောအိမ်စီးကားတစ်စီးသည် အရှိန်လွန်၍ ဧရာဝတီမြစ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့သည်။
မြစ်ထဲကျသွားသည့်ကားအား ည ၈ နာရီကျော် အချိန်တွင် ဆယ်ယူနိုင်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ သော်ဇင်အောင်
သတင်း ဝင်းနောင်ပိုင်၊ ကိုရဲ၊ သော်ဇင်အောင်
Myanmar Citizen News Agency - MCNA
စစ်ကိုင်းတွင် အိမ်စီးကားတစ်စီး ဧရာဝတီမြစ်ထဲထိုးကျပြီး ၁ ယောက်သေ
Reviewed by THITHTOOLWIN
on
22:56
Rating:
