စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း မီးလောင်မှုဖြစ်ပွား


စစ်ကိုင်း စက်တင်ဘာ ၃

စစ်ကိုင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မျက်မမြင်ကျောင်းတွင် စက်တင်ဘာ (၃) ရက် နေ့လည်ပိုင်း (၁) နာရီ (၄၄) မိနစ်အချိန့်ခန့်တွင် မျက်မမြင်ကျောင်း၏ သီးချင်းဆိုတီးဝိုင်း ဧည့်ခန်းမတွင် တီးဝိုင်းတွင် အသုံးပြုနေသည့် အသံချဲ့ပုံး (Ampere) မှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အသံချဲ့ပုံးနှင့် ဆက်စပ်ပစ္စည်းများ၊ အခန်းတွင်းရှိ လေအေးပေးစက် (Air Con)တစ်လုံးတို့ ပျက်စီးခဲ့ပြီး လူအသေအပျောက်မရှိကြောင်း၊ မီးလောင်ရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ရွာမှ ပြည်သူများ ဝိုင်းဝန်း၍ မီးငြိမ်းသတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း မီးလောင်မှုဖြစ်ပွား  စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.