ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်နစ်မြုပ် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ


ဒါကာ စက်တင်ဘာ ၂၂

လူများအဆမတန် တင်ဆောင်ထားသည့် ကူးတို့ရေယာဉ် တစ်စင်းသည် စက်တင်ဘာ ၂၁ ရက်တွင် ကမ်းစပ်၌ ဆိုက်ကပ်စဉ် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ရွှံ့တုံးအခဲကြီးတစ်ခဲ ရေယာဉ် ပေါ်ပြုတ်ကျခဲ့ရာ တိမ်းမှောက်နစ်မြုပ်သွား ခဲ့ရာမှ သေဆုံးသွားသည့် လူ ၁၈ ဦး၏ ရုပ်အလောင်းများကို ရှာဖွေ ကယ်ဆယ်ရေး သမားများက ပြန်လည် ရှာဖွေတွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းသည် ကြီးမား ကျယ်ပြန့်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများမှာ နိမ့်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ကူးတို့ရေယာဉ် မတော်တဆမှုများ ထိတ်လန့်ကြောက်မက် ဖွယ်ဖြစ်ပွားကာ တစ်ခါတစ်ရံတွင် လူပေါင်းရာနှင့် ချီသော သေဆုံးမှုများ ဖြစ်ပေါ်သည်အထိ ဖြစ်ပွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့ရေယာဉ် မတော်တဆဖြစ်မှုများ၏ အဓိက အကြောင်းရင်းမှာ ခရီးသည်များအား ရေယာဉ်ပေါ်တွင် အဆမတန် တင်ဆောင်မှုကြောင့်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ရေယာဉ်မတော် တဆမှုများ တားဆီးနိုင်ရန် စဉ်ဆက်မပြတ် နှိုးဆော်မှုများ ပြုလုပ်နေသည်။

အဆိုပါ ကူးတို့ရေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဘာရီဆယ်ခရိုင်တွင် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ဆင်ဟွာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်နစ်မြုပ် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်နစ်မြုပ် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.