ကျောက်တော်-စစ်တွေပြေးဆွဲနေသည့် ယဉ်တစ်စီးတိမ်မှောက်


စက်တင်ဘာ ၅ /DNJ

စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်က ကျောက်တော်မြို့နယ်ကန်စောက်ကျေးရွာအနီး ကန်စောက်တောင်ပေါ်၌ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်မှောက်မှုကြောင့် ခရီးသည် ၃ ဦးခန့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် အပေါက်ဝတိုက်နယ် ဆေးရုံတွင်ဆေးဝါးကုသမှုခံယူလျက်ရှိကာ ဒဏ်ရာမှာစိုးရိမ်ရသည့်အခြေအနေတွင်မရှိကြောင်း အပေါက်ဝရဲစခန်းမှ သိရသည်။


ယဉ်တိမ်းမှောက်မှုကြောင့် ယဉ်မောင်းဖြစ်သူအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉/၃၃၈ဖြင့်အမှုဖွင့် လှစ်ဆောင် ရွက်ထားရှိပြီး စစ်တွေ-ကျောက်တော်ခရီးစဉ်ပြေးဆွဲနေသည့် လိုက်ထရပ်ကားအမျိုးအစားဖြစ်ကြောင်း လည်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ - ရွှေဘ APW
Development Media Group
https://www.facebook.com/DevelopmentNJ
ကျောက်တော်-စစ်တွေပြေးဆွဲနေသည့် ယဉ်တစ်စီးတိမ်မှောက်  ကျောက်တော်-စစ်တွေပြေးဆွဲနေသည့် ယဉ်တစ်စီးတိမ်မှောက် Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.