တောင်ကြီးမြို့၌ မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်းဆိုင်ရာ ပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွား


တောင်ကြီး စက်တင်ဘာ ၃၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် ယနေ့ ည ၈း၄၅ နာရီခန့်က မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်း ဆိုင်ရာများဖြစ်သည့် မီးရှုး၊ မီးပန်းများပြုလုပ်ရန်အတွက် ယမ်းထောင်းရာမှ မီးကူးစက်လောင်ကျွမ်းကြောင်း သိရှိရသည်။


အဆိုပါမီးလောင်ရာသို့ တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ်(၁)စီး မီးသတ် တပ်ဖွဲ့ဝင် သန္ဓေ(၁၁)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၅)ဦးနှင့် ပြည်သူများ ၀ိုင်းဝန်း မီးငြိမ်းသတ်ရာ ည ၉း၀၀ နာရီတွင် မီးငြိမ်းခဲ့ပြီး လူတစ်ဦးမှာ မီးဟတ်သဖြင့် အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိ၍ ဆေးရုံသို့ ပို့ထားကြောင်း ကနဦး သတင်းရရှိသည်။

ခရိုင်( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ကြီးမြို့၌ မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်းဆိုင်ရာ ပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွား  တောင်ကြီးမြို့၌ မီးပုံးပျံ(ညမီးကြီး)အတွက် ယမ်းပိုင်းဆိုင်ရာ ပြုလုပ်စဉ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.