ကျိုင်းတုံ-တာချီလိတ် ရွှေရေကန်ခရီးသည်ယာဉ် တစ်စီး ချောက်ထဲကျ၍ လူ(၂)ဦး သေဆုံး

ကျိုင်းတုံ-တာချီလိတ် ရွှေရေကန်ခရီးသည်ယာဉ် တစ်စီး မိုင်းဖြတ်မြို့နယ် ဆွပ်ပလောင်း နှင့် ဆိုင်းလေ ကျေးရွာအကြား ရေချောင်းအတွင်း ထိုးကျမှုဖြစ်ပွား
မိုင်းဖြတ် စက်တင်ဘာလ ၁၆

ကျိုင်းတုံ - တာချီလိတ် ရွှေရေကန်ယာဉ်လိုင်းမှ ပြေးဆွဲသည့် ယာဉ်မောင်း ဦးအောင်သန်းဌေး မောင်းနှင်လာသည့် ခရီးသည်ယာဉ်တစ်စီးသည် ယနေ့ စက်တင်ဘာ ၁၆ ရက် ၊ နံနက် ၁၀ နာရီ ခွဲ ခန့်က မိုင်းဖြတ်မြို့နယ် ၊ ဆွပ်ပလောင်းကျေးရွာနှင့် ဆိုင်းလေကျေးရွာအကြား မိုင်တိုင်(၇၀၂)kg အနီး၌ ရေချောင်းထဲသို့ ထိုးကျမှု ဖြစ်ပွားကြောင်း သိရသည်။


အဆိုပါ ရွှေရေကန် ခရီးသည်ယာဉ်အမှတ် (3g-6464) မီနီဘတ်စ် အမျိုးအစား ခရီးသည်ယာဉ်ပေါ်တွင် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၆)ဦးနှင့် ကလေး(၁)ဦးစုစုပေါင်း(၁၁)ဦးလိုက်ပါလာပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။


ခရီးသည်ယာဉ်တိမ်းမှောက်ရာသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊
နယ်မြေခံတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များကကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
ကျိုင်းတုံ-တာချီလိတ် ရွှေရေကန်ခရီးသည်ယာဉ် တစ်စီး ချောက်ထဲကျ၍ လူ(၂)ဦး သေဆုံး  ကျိုင်းတုံ-တာချီလိတ် ရွှေရေကန်ခရီးသည်ယာဉ် တစ်စီး  ချောက်ထဲကျ၍ လူ(၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 17:15 Rating: 5
Powered by Blogger.