အာဖရိကကို အင်တာနက် ပေးမယ့် ဖေ့စ်ဘွတ် ဂြိုလ်တု ပျက်စီးသွား


အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ် မှာ ရှိတဲ့ Cape Canaveral ဂြိုလ်တု ဒုံးပျံ လွှတ်တင်ရေး စခန်းမှာ ဖြစ်ပေါ် ခဲ့တဲ့ ပေါက်ကွဲမှု အတွင်း အာဖရိကတိုက် မှာ မြန်နှုန်းမြင့် အင်တာနက် သုံးနိုင်အောင် လုပ်ဆောင် ပေးမယ့် ဖေ့စ်ဘွတ် ကုမ္ပဏီ ရဲ့ ဂြိုလ်တု ပျက်စီး သွား တဲ့ အပေါ် အင်မတန် စိတ်ပျက် ရတယ် လို့ ဖေ့စ်ဘွတ် ရဲ့ အကြီးအကဲ မာ့ခ် ဇတ်ကာဘာ့ဂ် က ပြောပါတယ်။

Falcon Nine ဒုံပျံ ကို လောင်စာဆီ ဖြည့် နေတုန်း ပေါက်ကွဲ
ဖေ့စ်ဘွတ် ရဲ့ Amos-Six လို့ နာမည် ပေးထားတဲ့ ဂြိုလ်တု တပ်ထားတဲ့ Falcon Nine ဒုံးပျံဟာ၊ စနေနေ့ တကယ် မလွှတ်တင် မီ၊ အကြို စမ်းသပ်တုန်း ပေါက်ကွဲ သွားတာပါ။

Falcon Nine ဒုံပျံ ကို လောင်စာဆီ ဖြည့် နေတုန်း ပေါက်ကွဲ သွားတာ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ် အတွင်း ထိခိုက် ဒဏ်ရာ ရသူ တစ်ဦးမှတော့ မရှိ ခဲ့ပါဘူး။

BBC Burmese
http://www.bbc.com/burmese
အာဖရိကကို အင်တာနက် ပေးမယ့် ဖေ့စ်ဘွတ် ဂြိုလ်တု ပျက်စီးသွား  အာဖရိကကို အင်တာနက် ပေးမယ့် ဖေ့စ်ဘွတ် ဂြိုလ်တု ပျက်စီးသွား Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.