မန်ပေါက်သီလရှင်ကျောင်း မီးလောင်မူဖြစ်ပွား ၊ သီလရှင်တစ်ဦးမီးလောင်သေဆုံး ၊ တစ်ဦးမီးလောင်ခံရ


26-9-2016

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့  ပုံးလုံကျေးရွာ မန်ပေါက်သီလရှင်ကျောင်း စက်တင်ဘာလ (၂၆)ရက်နေ့ ညပိုင်းက မီးလောင်မူဖြစ်ပွားရာ သီလရှင်တစ်ဦးမီးလောင်သေဆုံးပြီး ၊ သီလရှင်တစ်ဦးမီးလောင်ခံရ ကြောင်း သိရပါတယ်။

ကျောင်းဝင်အတွင်း ဆွမ်းစားဆောင်ခေါင်မိုးပေါ်၌ တပ်ဆင်ထားသော ဆိုလာပြား မိုးကြိုးလျှပ်စီးဝင်ရာမှတဆင့် အပူလွန်ကဲပြီး မီးကူစက်လောင်ကျွမ်းရာမှာ (30x20x12)ပေ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း ဆွမ်းစားကျောင်းဆောင်(၁)လုံးလည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Than Htay
မန်ပေါက်သီလရှင်ကျောင်း မီးလောင်မူဖြစ်ပွား ၊ သီလရှင်တစ်ဦးမီးလောင်သေဆုံး ၊ တစ်ဦးမီးလောင်ခံရ  မန်ပေါက်သီလရှင်ကျောင်း မီးလောင်မူဖြစ်ပွား ၊ သီလရှင်တစ်ဦးမီးလောင်သေဆုံး ၊ တစ်ဦးမီးလောင်ခံရ Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.