ပြည်မြို့တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါပိုး တစ်မျိုးအား ထပ်မံတွေ့ရှိသဖြင့် မုန့်ဖတ်ဖိုများအားယာယီပိတ်ထား


ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါ ပိုးသစ်တစ်မျိုးအား ထပ်မံ တွေ့ရှိရသောကြောင့် မုန့်ဖတ်ပြုလုပ်သော မုန့်ဖတ်ဖိုများအား စက်တင်ဘာလ(၁) ရက်မှ စတင်ကာ ယာယီ ပိတ်သိမ်းခိုင်းထားကြောင်း ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

 ပြည်ခရိုင်တွင် ဇူလိုင်လအတွင်းက ကူးစက်မြန်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ကာ မုန့်ဖတ်ဖိုများ၊ လက်သုပ်ဆိုင်များ ပိတ်ခိုင်းခဲ့ရပြီး သြဂုတ်လနောက်ဆုံးပတ်တွင် လူနာတစ်ဦးထံမှ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်း လျှောရောဂါပိုးသစ်တစ်မျိုးအား အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ဓာတ်ခွဲစစ်ဆေးမှုအရ တွေ့ရှိရသောကြောင့် မုန့်ဖတ်ဖိုများအား ယာယီထပ်မံပိတ်သိမ်းထားခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပိတ်ထားသည့် မုန့်ဖတ်ဖိုလုပ်ငန်းများသည် လူနေရပ်ကွက်များအတွင်း မရှိသင့်ဘဲ လူနေရပ်ကွက် များနှင့် ဝေးသောစက်မှုဇုံကဲ့သို့နေရာများသို့ ပြောင်းရွှ့ဖွင့်လှစ်နိုင်ရေးအတွက်လည်း မုန့်ဖတ်ဖိုလုပ်ငန်းရှင်များ နှင့် ညှိုနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပထမတစ်ခါ လူနာတွေများလို့ ၀မ်းပျက်ဝမ်းလျှောတွေဖြစ်လို့ဆိုပြီး ဗြုန်းစားကြီးပိတ်လိုက်ရတယ်။ ကျွန်တော် တို့မှာဆုံးရှုံးမှုတွေရှိတယ်။ အခုတစ်ခါအစည်းအဝေး ဆိုပြီး ဖိတ်တယ် ပြီးတော့ပိတ်ခိုင်းပြန်တယ်။ ပထမတစ်ခါ ကျွန်တော်တို့ ဆုံးရှုံးတာလည်း သူတို့သိတယ်။ အခု ဒုတိယအကြိမ်ထပ်ပိတ်ရမယ်ဆိုတော့ အများကြီးနစ်နာ တာပေါ့။”ဟု ပြည်မြို့ရှိ မုန့်ဖတ် စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

 ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကူးစက်မြန် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး ၀မ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားသူ လူ ၂၀၀ ခန့် ဆေးကုသမှုများခံယူခဲ့ရပြီး လူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်မြို့တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါပိုး တစ်မျိုးအား ထပ်မံတွေ့ရှိသဖြင့် မုန့်ဖတ်ဖိုများအားယာယီပိတ်ထား  ပြည်မြို့တွင် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါပိုး တစ်မျိုးအား ထပ်မံတွေ့ရှိသဖြင့် မုန့်ဖတ်ဖိုများအားယာယီပိတ်ထား Reviewed by THITHTOOLWIN on 04:26 Rating: 5
Powered by Blogger.