ပူတာအိုနားမှာ ငလျင်အသေးစားလှုပ်ခတ်

စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ မြေငလျင်သတင်းထုတ်ပြန်ချက်ကို တွေ့ရစဉ်။ Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုမြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်ကို ဗဟိုပြုပြီး ဒီကနေ့ မနက်အစောပိုင်းက ရစ်ခ်ျတာစကေး ၄.၂ အဆင့် ရှိ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မန္တလေး မြေငလျင်စခန်းက သတင်းထုတ်ပြန်ပါတယ်။

မြေငလျင်လှုပ်တဲ့နေရာမှာ နေထိုင်တဲ့လူ သိပ်မရှိကြောင်းနဲ့ စစ်ကိုင်းပြတ်ရွှေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် နောက်ဆက်တွဲငလျင်လှုပ်ခတ်နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက်က ပြောပါတယ်။

အဲဒီငလျင်လှုပ်ခတ်မှုကြောင့် ပူတာအိုမြို့ပေါ်မှာ ထိခိုက်ပျက်စီးမှုတွေမရှိဘူးလို့ ပူတာအိုခရိုင် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံး တာဝန်ခံ ဦးအားဆီဆဲ ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ပုဂံဒေသ က စေတီပုထိုးတွေနဲ့ ရေနံချောင်း၊ ပခုက္ကူ အပါအဝင် ရခိုင်ပြည်နယ်က ဘုရားစေတီနဲ့ သာသနိကအဆောက်အဦးတွေပျက်စီးခဲ့ရသလို လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပူတာအိုနားမှာ ငလျင်အသေးစားလှုပ်ခတ်  ပူတာအိုနားမှာ ငလျင်အသေးစားလှုပ်ခတ် Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.