မဒါဂတ်စကာတွင် နေကြတ်မှုကြောင့် စက်တင်ဘာ ၁ရက်အား အားလပ်ရက်အဖြစ်သတ်မှတ်

နေကြတ်မှု ဖြစ်စဉ်တစ်ခုအားတွေ့မြင်ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မဒါဂတ်စကာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

    မဒါဂတ်စကာ အစိုးရက ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့၌ နေကြတ်မှု ဖြစ်ပေါ်မည်ဟု ခန့်မှန်းရ၍ ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် ယင်းနေ့အား အားလပ်ရက်အဖြစ် အစိုးရကောင်စီက သြဂုတ် ၃၁ တွင် ထုတ်ပြန်ခဲ့သည်။

မဒါဂတ်စကာနိုင်ငံ မိုးလေဝသဋ္ဌာနများ၏ သတင်းအချက်အလက်များအရ နေကြတ်မှုသည် ဒေသစံတော်ချိန် နံနက် ၁၀း၅၉နာရီ တွင် စတင်မည်ဖြစ်ကာ မွန်းလွဲ ၂း၂၉နာရီ၌ ပြီးဆုံးမည်ဟု သိရပြီး နေ့လည် ၁၂း၄၈နာရီမှစ၍ လသည် နေအား ၃မိနစ် နှင့် ၅စက္ကန့်ကြာ ဖုံးကွယ်ထားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရ က မဒါဂတ်စကာနိုင်ငံသားများအား နေကြတ်ခြင်းဖြစ်စဉ်အား ကြည့်ရှုရာ၌ အထူးပြုလုပ်ထားသည့် မျက်မှန်များတပ်ဆင်ရန် သတိပေးပြောကြားခဲ့သည်။

မဒါဂတ်စကာနိုင်ငံ၌ ၂၀၀၁ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း နေကြတ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မဒါဂတ်စကာတွင် နေကြတ်မှုကြောင့် စက်တင်ဘာ ၁ရက်အား အားလပ်ရက်အဖြစ်သတ်မှတ်  မဒါဂတ်စကာတွင် နေကြတ်မှုကြောင့် စက်တင်ဘာ ၁ရက်အား အားလပ်ရက်အဖြစ်သတ်မှတ် Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.