ပြည်ပနိုင်ငံတွေမှာ နိုင်ငံသား ခံယူထားသူတွေအရေး ဆွေးနွေး

နိုင်ငံသား ပြန်လည်လျှောက်ထားခွင့်ကိစ္စ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ စက်တင်ဘာလ ၂၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြန်လည်ဖြေကြားစဉ်။
ပြည်ပနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားခွင့်ကို သတ်မှတ်လုပ်ငန်းစဉ်တွေနဲ့အညီ ခွင့်ပြုပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြည်ပထွက်ခွာသွား တဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားခွင့်ပြုထားတာကို စိစစ်လက်ခံပေးခြင်းရှိ မရှိ ဆိုတဲ့ မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ မြန်မာနိုင်ငံသားအဖြစ် ရပ်စဲသွားသူတွေအနေနဲ့ မြန်မာနိုင်ငံသား အဖြစ် ပြန်လည်ခံယူလိုပါက နိုင်ငံသား၊ ဧည့်နိုင်ငံသားအဖြစ် ခွင့်ပြုရမယ်လို့ပါရှိထားတဲ့အတွက် ပြည်တွင်း မှာ ပြန်လည်အခြေချနေထိုင်လိုကြောင်း လျှောက်ထားလာပါက စိစစ်လက်ခံပေးဖို့ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယုလိုကြောင်း လျှောက်ထားလိုသူတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်လက်ခံဆောင်ရွက်ခဲ့ပြီး လျှောက်ထားသူ ၁၉၈ ဦးရှိပြီး ၁၄၃ ဦးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပေးနေကြောင်း၊ နောက်ထပ်လည်း စိစစ်နေလျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြည်ပနိုင်ငံတွေမှာ နိုင်ငံသား ခံယူထားသူတွေအရေး ဆွေးနွေး ပြည်ပနိုင်ငံတွေမှာ နိုင်ငံသား ခံယူထားသူတွေအရေး ဆွေးနွေး Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.