![]() |
ဓါတ်ပုံ - (မြစ်ကမ်းပါး ပြိုကျနေတဲ့နေရာတစ်ခုကို တွေ့ရစဉ်) |
ရေကြီးပြီးတဲ့နောက်ဆက်တွဲအနေနဲ့ ကမ်းပါးတွေပြိုကျနေတာဖြစ်ပြီး လတ်တလောမှာ စလင်းမြို့နယ် ကျူတော၊ ညောင်ကုန်း၊ သရက်တော၊ တလင်းကြီး စတဲ့ ကျေးရွာ ၅ရွာက လူဦးရေ ၄ထောင်နီးပါးလောက် ပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ စလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောပါတယ်။
ပြောင်းရွှေ့နေကြတဲ့ကျေးရွာတွေကို နေရာပြန်လည်ချထားပေးနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရထံ အဆင့်ဆင့်တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီးမှာ မြစ်ကမ်းပါးပြိုကျမှုနဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းအနီးမှာ မြေပြိုကျမှုတွေရှိနေတာကြောင့် ပွင့်ဖြူမြို့နယ်နဲ့ ရေနံချောင်းမြို့နယ်က ကျေးရွာတချို့လည်း ပြောင်းရွှေ့နေရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူဦးရေ ၄ထောင်နီးပါး ပြောင်းရွှေ့
Reviewed by THITHTOOLWIN
on
19:48
Rating:
