မိုင်းယော်လူသတ်မှုကျူးလွန်သည့် တပ်မတော်သားများအား ထောင် ဒဏ်ချမှတ်၊ သေသူ၏ မိသားစုဝင်များကိုမူလျော်ကြေးမပေး

ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးအား ကျန်ရစ်သူမိသားစုမှ ဆွမ်းသွတ်ပေးစဉ် (ပုံ- SNLD)
စက်တင်ဘာလ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်အုပ်စုတွင် ရွာသား ၅ ဦး အသတ်ခံရမှုမှ တရားခံတပ်မတော် သားများအား ပြစ်ဒဏ်ချမှတ်လိုက်သော် လည်း သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများအတွက် တာဝန်ယူပေး မှုတစုံတရာမရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက် ယနေ့ညနေပိုင်းက လူသတ်မှုကျူးလွန်သူများအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် လားရှိုးခရိုင်တရားရုံးမှ ပြစ်ဒဏ်ချ မှတ်သည်ဟု စီရင်ချက်တွင်လိုက်ပါနားထောင်သည့် မိုင်းယော်ဒေသခံ စိုင်းလောဝ်ဖ ကသျှမ်းသံတော်ဆင့်အား ပြောသည်။


လူသတ်မှုကျူးလွန်သည်ဟု ( သြဂတ်စ်လ ၁၀ ရက်နေ့က) လားရှိုးစစ်ခုံရုံး တွင် ၀န်ခံချက်ပေးသွားသော အမှတ် ၁၀ (စကခ) စစ်ဆင်ရေး နှင့် ကွပ် ကဲ ရေးဌာန ယာယီ တပ်မမှူး ဗိုလ်မှူးကြီး မျိုးအောင်၊ ဟိုပန်အခြေစိုက် အမှတ် ၃၆၂ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး တင်မျိုးဇော် ၊ ဒုတိယ စစ်ဦးစီးမှူး (IO) ဗိုလ်မှူးအောင်နေဖြိုး နှင့် စရဖ အရာရှိ ဗိုလ်ကြီး လင်းနိုင်စိုး ၊ တပ်ကြပ်ကြီး စိန်ဝင်းမောင်၊ တပ်ကြပ်ကြီး မောင်အုန်း နှင့် တပ်ကြပ်ေ မာင်ေ မာင် ထွေး တို့ ၇ ဦးအား ယနေ့ညနေပိုင်းက တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။

"သူတို့ပြစ်ဒဏ်ချမှတ်ပေး မယ် ဆိုပြီး သေဆုံးသွားသူတွေရဲ့ကျန်ရစ်သူ မိသားစု ကို ခေါ်လာလို့ သွားနားထောင်ရတယ်။ ကျန်ရစ်သူ မိသားစုဝင်တွေအတွက်တော့ တာဝန်ယူမှု၊ လျော်ကြေးပေးမှု အကြောင်းလုံးဝ မပြောဘူး။ ကျနော်တို့တွေအခက်အခဲတွေအများကြီးရှိပါတယ်။ မိသားစုကို ရှာကျွေး တဲ့သူကို သူတို့သတ်လို့သေသွားပြီလေ။ ကျန်ရစ်သူတွေဆက် လက်အသက် ရှင်နေထိုင်ဖို့ အရမ်းခက်သွားပြီလေ။ ဒါကြောင့် လျော်ကြေး လိုချင်ပါတယ်။ တာဝန်ယူပေးမှုလိုချင်ပါတယ် " - ဟု အသတ်ခံရသူများ၏ ကျန်ရစ်သူမိသားစုဝင်တဦးဖြစ်သော စိုင်းလောဝ်ဖ ကပြောသည်။

ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ချမှတ်ရာတွင် လားရှိုးမြို့ အခြေစိုက် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တရားရုံးတွင် ခုံရုံး ဉက္ကဌ ဗိုလ်မှူး ချုပ် နေဝင်းအောင် ၊ တရားလိုအရာရှိ ဒု ဗိုလ်မှူးကြီး ကျော်မိုးမြင့်၊ တရားခံ အရာရှိ ဒု ဗိုလ်မှူးကြီး နိုင်ဝင်း တို့ပါဝင်ခဲ့ကြောင်းလည်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်ေ န့က အစိုးရတပ်မတော် ခမရ ၃၆၂ က စစ်ကြောင်းတကြောင်း က ပြောင်းခြံ လုပ်သား မိုင်းယော်ဒေသခံ ရွာသားငါးဦးအား ဖမ်းဆီးေ ခါ် ဆောင် ကာ ရိုက်နှက် စစ်ဆေး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဝတ်စုံများဝတ်ပေးပြီး ဓါးဖြင့်ထိုးသတ် ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည် ။

အဆိုပါလူသတ်မှုမှာ တပ်မတော်ဘက်က ကျူးလွန်မိကြောင်း ဂျူလိုင် ၂၀ ရက်နေ့က ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ၀န်ခံပြောကြားခဲ့သည် ။

ဂျွန်လ ၂၅ ရက်က အစိုးရစစ်ကြောင်းမှဖမ်းဆီးပစ်သတ်ခံရသော ရွာသား ၅ ဦးမှာ မန်ကစ်ရွာမှ စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ်) စိုင်းအိုက်လွတ် ၃၉ နှစ် ၊ အိုက်မောင် ၂၇ နှစ် ၊ မန်တပ်ရွာမှ စိုင်းရွှေလူ ၁၇ နှစ်နှင့် အိုက်မောင်၂၃ နှစ် တို့ဖြစ်ပါသည် ။

သျှမ်းသံတော်ဆင့် ၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မိုင်းယော်လူသတ်မှုကျူးလွန်သည့် တပ်မတော်သားများအား ထောင် ဒဏ်ချမှတ်၊ သေသူ၏ မိသားစုဝင်များကိုမူလျော်ကြေးမပေး  မိုင်းယော်လူသတ်မှုကျူးလွန်သည့် တပ်မတော်သားများအား ထောင် ဒဏ်ချမှတ်၊ သေသူ၏ မိသားစုဝင်များကိုမူလျော်ကြေးမပေး Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.